Part 40(Uni +Zaw)

Start from the beginning
                                    

"ဟုတ်ကဲ့ပါ သူဋေးလေး"


မှာစရာ ရှိတာ မှာပြီးတာနဲ့ ရီလျှို့ စက်နှိုးပြီး ကားစတင် ထွက်တော့လေသည်။

"အ့.......မြန်မြန်မောင်းလေ"

"အားးးး......"


ဒုတိယ အော်သံကတော့ ရီလျှို့ စီက​ပင်။ ရှောင်ကျန့်က သူ့ဆံပင်တွေ ဆွဲလိုက်ခြင်းကြောင့်။


"အ့........"

"အားးးး လွှတ်ပါအုံး ပါးပါးရယ် ကျွန်တော်တို့ အက်စီးတန့်တွေ ဖြစ်ကုန်တော့မှာဘဲ"


ကားထဲတွင် အော်သံ တစ်ဆူဆူနဲ့ နောက်ဆုံးတော့ ဆေးရုံကို ရောက်လာလေသည်။


ရီလျှို့ အလျင်အမြန်​ဘဲ ကားပေါ်က ဆင်းကာ ရှောင်ကျန့်ဘက်က ကားတံခါးကို အလျင်အမြန် ဖွင့်ပေးပြီး ရှောင်ကျန့်ကို ကူပြီး အပြင်ထွက်စေသည်။


ဆရာဝန်တစ်ယောက်နဲ့ သူနာပြု သုံးယောက်လောက် ရောက်လာပြီး ရှောင်ကျန့်ကို ကူတွဲကာ လာခေါ်ကြသည်။


ဆေးရုံကို daddy လှမ်းပြီး အကြောင်းကြားထားတာ ဖြစ်မယ်။ ဒေါက်တာ တွေက အဆင်သင့် စောင့်နေတာ ဆိုတော့။


အခုလဲ ခွဲစိတ်ခန်းက အဆင်သင့်လဲ။ ယောကျာ်းလေး ဆိုတော့ ဗိုက်ခွဲပီး မွေးရမှာလေ။ ဘာဘဲ ပြောပြော ကြောက်နေမိတယ်။


တကယ်တော့ ရှောင်ကျန့် နီးတူ ရီလျှို့လဲ ​​ကြောက်နေတာပါ။ တစ်ခါမှ ဒီလို မကြုံဘူးတာကြောင့် ရှောင်ကျန့် အော်သံနဲ့တင် သူလန့်နေမိသည်။


"အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုးပေးပါရှင့်"

"ကျွန်တော်က အုပ်ထိန်းသူ မဟုတ်ဘူး"

"ချက်ချင်း ခွဲပေးမှ ရမှာ "


အဖေ့ကို ဖုန်းဆက်ထားပေမဲ့ ကုမ္မဏီနဲ့ဆို နဲနဲ လှမ်းတာကြောင့် မိနစ် ၂၀ လောက်ကြာမှ ရောက်မှာ။ ရှောင်ကျန့် ပုံစံကို ကြည့်တော့လဲ စောင့်နိုင်မဲ့ ပုံ မပေါ်တာကြောင့် ရီလျှို့ စိတ်ဆုံးဖြတ်ပြီး အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုး ပေးလိုက်တော့တယ်။



Arr Ah Daddy (Complete)Where stories live. Discover now