Part 39(Uni+ Zaw)

Začít od začátku
                                    

"ဟုတ်
daddy ကျွန်တော့်ကို အပြစ်မတင်ဘူးမလား"

"ဘာကိုလဲ"

"ကျွန်တော့်ကြောင့် daddy သား ထိခိုက်တာလေ"

"မင်း အပြစ်မဟုတ်ပါဘူး ရှောင်ကျန့်
ပြီးတော့ ရီလျှို့ကိုယ်တိုင်က မင်းတို့ကို ကာကွယ် ပေးချင်ခဲ့တာဘဲ"


ရှောင်ကျန့်ဘာမှ ပြန်မဖြေတော့ဘဲ လှဲအိပ်လိုက်သည်။ ရီပေါ်က ရှောင်ကျန့်ကိုယ်ပေါ် ကို စောင်ခြုံပေးလိုက်ပြီး ဘေးခုံမှာ ထိုင်ကာ ကျန့်လေး လက်ကလေးကို ကိုင်ပေးထားလိုက်တယ်။


ခဏကြာတော့ အသက်ရှူသံ မြန်မြန်နဲ့ ကျန့်လေး အိပ်ပျော်သွားလေသည်။ ရီပေါ်ကတော့ ရှူ့မဝလေးရဲ့ မျက်နှာလေးကို ထိုင်ကြည့်ရင်း အိပ်ပျော်နေသူလေးကို စောင့်နေခဲ့တယ်။


တစ်နာရီ ကြာပြီးနောက်


ရီပေါ်နဲ့ ရှောင်ကျန့်တို့ အရေးပေါ် ခွဲစိတ်ခန်းရှေ့ကို ရောက်နေကြပြီ။

ရောက်ပြီး မကြာဘူး ​ဆရာဝန်ကြီးထွက်လာလေသည်။ သူ့အနောက်တွင် လက်ထောက်ဆရာဝန် နှစ်ယောက်နဲ့ သူနာပြု လေးယောက်ပါလာကြတယ်။


ဆရာဝန်ကြီး ထွက်လာချင်းချင်း ရီပေါ် ​ဆရာဝန်အနားသွားပြီး သတင်းမေးလေသည်။

"ဘယ်လိုနေသေးလဲ ဒေါက်တာ"

"ခေါင်းထိသွားတာ ဆို​တော့ ချက်ချင်း ပြန်ပြီး သတိမရနိုင်သေးဘူး။ စောင့်ကြည့်ရမှာပေါ့။ လူနာက  တစ်ပတ်အတွင်း ဒါမှမဟုတ် တစ်လ အတွင်း ပြန်သတိရရင်တော့ အတော်ကံကောင်းတယ်ပြောရမယ်။ အဲ့လိုမဟုတ်ဘဲ သုံးလကနေ တစ်နှစ်အတွင်းလဲ ကြာရင်ကြာနိုင်တယ် ။ အဲ့ထက်လဲ ပိုနိုင်တယ်။ နားလည်အောင် ပြောရရင်တော့ ကိုမာ ဖြစ်နိုင်ချေ ရှိတယ်"


ရီပေါ့် မျက်နှာက တည်နေပေမဲ့ စိတ်အခြေအနေ မကောင်းမှန်း ရှောင်ကျန့် ရိပ်မိတယ်။ ရီပေါ်လက်ပေါ်လေးကို သူ့လက်နဲ့ ထပ်ကာ ကိုင်လိုက်တော့ ရီပေါ်က ငုံ့ကြည့်လာပြီး သက်ပြင်းချလိုက်သည်။


"ကျေးဇူးပါ ဒေါက်တာ
ငွေအင်အား တတ်နိုင်တာမို့ သက်သာအေညင် အကောင်းဆုံး ကုသပေးပါ"

Arr Ah Daddy (Complete)Kde žijí příběhy. Začni objevovat