Part 36(Uni +Zaw)

Start from the beginning
                                        

ရီပေါ်တို့ အခန်းထဲတွင် လူအပြည့်ဖြစ်နေသည်။ ရှောင်ကျန့်ကို ကုတင်ပေါ်တွင် လဲခိုင်းပြီး ဒေါက်တာက စစ်ဆေးနေသည်။ သွေးခုန်နှုန်း စမ်းတဲ့ ဒေါက်တာက နှစ်ခါမက သုံးခါ မက မျက်မှောင်ကြုံ့ပြီး စစ်နေတော့ ရီပေါ် ပိုပြီး စိတ်မအေးနိုင် ဖြစ်နေသည်။


"ဒေါက်တာ ဘာဖြစ်လို့လဲ"

မနေနိုင်တဲ့ အဆုံး ရီပေါ် ပါးစပ်ကနေ ထုတ်မေးမိသွားသည်။ဒေါက်တာကတော့ မချိတင်ခဲ မျက်နှာနဲ့ ထိုင်ရာမှ ထလာပြီး ရီပေါ့်ကို ကြည့်ကာ

"လူနာက မစိုးရိမ်ရပါဘူး
ဒါပေမဲ့......သွေးခုန်နှုန်း အရ .......ဟို ........ကိုယ်ဝန်ရတဲ့ အပြုအမူကို ပြနေတယ် ဒီအမျိုးသားက ကိုယ်ဝန်ရဖို့အတွက် ဆေးရုံကို ပြနေကြလား"


ကိုယ်ဝန်ဆိုတဲ့ အသံကြားတော့ ရှောင်ကျန့် အရမ်းကို ဝမ်းသာသွားသည်။ ဒါပေမဲ့ မသေချာသေးတာမို့ အပျော်မစောဖို့ ကိုယ့်ဘာသာ သတိပေးနေရသည်။ daddy ကို ကြည့်လိုက်တော့ အရင်လို မျက်နှာတည်နေပေမဲ့ မျက်လုံးတွေက ဂနာမငြိမ် ဖြစ်နေသည်။ သူ့လိုဘဲ daddy လဲ စိတ်လှုပ်ရှား သွားလောက်တယ်။


ရှဲ့ခွိုင် ဇနီးက အိုဂျီ ဆရာဝန် ဖြစ်တာကို သိပြီးထဲက ရှောင်ကျန့်က အဲ့ ဆရာဝန်မ ဆေးခန်းမှာ အမြဲ ဆေးသွားစစ်နေတာ ဖြစ်တယ် ။ သူမပေးတဲ့ ဆေးတွေသောက် စစ်ဆေးမှုတွေ လုပ်နေဖြစ်တာ တစ်လလောက် ရှိနေပေမဲ့ အဲ့လောက် စောစောကြီး ရှိလာမယ်လို့တော့ မထင်မိ။


ရီပေါ် အသံတိတ်နေတော့ ရှောင်ကျန့်ကဘဲ ဒေါက်တာ့ အမေးကို ဖြေလိုက်သည်။


"ဟုတယ်ဒေါက်တာ ​​အိုဂျီဆရာမ စီမှာ ကုသမှု့လုပ်တာ တစ်လလောက်တော့ ရှိပြီ"

"အဲ့လိုဆိုရင်  ဒီအပိုင်းက ကျွန်တော့် ကျွမ်းကျင်မှု့ မဟုတ်ဘူးလေ အဲ့တာကြောင့် အဲ့ ဒေါက်တာကို စစ်ခိုင်းကြည့်ပါလား အတည်ပြုရတာပေါ့"


ထိုအချိန် ရီပေါ်က စကားစပြောလာသည်။

"ကိုယ်ဖုန်းဆက်ပြီး ခေါ်လိုက်မယ်"

"ဟုတ်ကဲ့"


ရီပေါ်က ပြောပြီး ကုတင်နား လျှောက်လာကာ ကုတင်စွန်းတွင် ထိုင်လိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ ရှောင်ကျန့်ကို ကြည့်ကာ လက်ကလေးကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။


Arr Ah Daddy (Complete)Where stories live. Discover now