အလုပ်သင်က စလုပ်ခိုင်းတဲ့ ကိစ္စကြောင့်လဲ ရွယ်ယိ့ နဲ့ ရန်ဖြစ်ရသေးသည်။ သူက အလုပ်အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးတာကြောင့် သူ့အဖေက သူ့ကို အောက်ခြေ ခိုင်အောင် အလုပ်သင်နေရာက စခိုင်းတာကို သူနားလည်ပါတယ်။ ဒါပေမဲ့ ရွယ်ယိ့ကတော့ အဲ့လို မထင်ပေ။
နင့်ကို ရာထူး ကြီးကြီး မပေးချင်လို့။ အခုထိ နင့်လက်ထဲ ရှယ်ယာ ဘယ်လောက် ရှိလို့လဲ။ နောက်ဆုံးကျ ရှောင်ကျန့် လက်ထဲဘဲ ရောက်လိမ့်မယ် ဆိုပြီး အမျိုးမျိုး ပြောလေသည်။
ရီလျှို့ နဲ့ ရွယ်ယိ့ တို့ ရန်မဖြစ်သည့် နေ့ဟူ၍ မရှိပေ။ နောက်ဆုံးတစ်ခေါက် ရန်ဖြစ်ပြီး ထဲက သူတို့ နှစ်ယောက် အခန်းခွဲ အိပ်သည်။ ဘယ်လိုဘဲ အခန်းခွဲ အိပ်ပါစေ ရွယ်ယိ့ က အခန်းထဲထိ ဝင်လာပြီး ရန်လုပ်သည်။ ရီလျှို့အနေနဲ့ စိတ်မညစ်သည့်နေ့ ဟူ၍ မရှိပေ။ ဒီလို နေ့ရက်တွေမှာ အရက်ကိုသာ သူသောက်ဖြစ်တယ်။ ညတိုင်းလိုလို အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ ချိန်းကာ သောက်သည်။ ညဥ့်နက်မှ အိမ်ပြန်လာတတ်တယ်။
အရင်တစ်ခါ သူအိပ်ခဲ့ဖူးတဲ့ ဘားကိုတော့ ထပ်မသွားဖြစ်တော့ချေ။ သူ့အနေနဲ့ ဘာကိုမှ ရင်မဆိုင်နိုင်တာ ဖြစ်တယ်။
သူစိတ်ညစ်နေရပေမဲ့ ရှောင်ကျန့်ကတော့ သူ့အဖေနဲ့ ပျော်နေသည်။ နေ့တိုင်း ပြုံးမနေတဲ့ အချိန်ဆိုတာ မရှိပေ။ သူအရင်တုန်းကသာ ပိုပြီး ပွင့်လင်းခဲ့ရင် သူလဲ ရှောင်ကျန့်နဲ့အတူ ပျော်နေရမယ် ထင်တာဘဲ။ ဒါတွေက ဖြစ်မှ မဖြစ်နိုင်တော့တာတွေလေ။
ထိုအချိန်ဒေါ်ကြီး အသံ ထွက်လာသည်။
"ဒေါက်တာ ရောက်ပါပြီ သူဋေးကြီး"
"အပေါ်ထပ်ကို သွားရအောင်"
ရီပေါ်က ရှောင်ကျန့်ကို တွဲပီး အပေါ်ထပ်ကို တက်သည်။ ရှောင်ကျန့်အနေနဲ့ တွဲဖို့လောက်ထိ မလိုပေမဲ့ daddy စိုးရိမ်နေတာသိလို့ အတွဲခံကာ လိုက်လာရသည်။ ဒေါ်ကြီးကတော့ ဒေါက်တာ အိတ်ကို ဆွဲပီး ဒေါက်တာ့ကို လမ်းပြပေးသည်။ ရီလျှို့နဲ့ ရွယ်ယိ့လဲ အနောက်ကနေ လိုက်တက်လာကြသည်။
YOU ARE READING
Arr Ah Daddy (Complete)
Fanfictionသစ္စာ ဖောက်တဲ့ ex ကို ကလဲ့စားခြေဖို့ အဖေကို ယူ......... ငါ့ကို သစ္စာဖောက်တဲ့ အတွက် မင်းက ငါလေးကို Mom လို့ခေါ်ဖို့သာ ပြင်ထားတော့ ဝမ်ရီလျှို့ ~~ရှောင်ကျန့်~~ မင်းလေး ကိုယ့်ကို လိုသလို အသုံးချပါ daddy က baby အပိုင်ပါဘဲ ~~ဝမ်ရီပေါ်~~ နောက်ဆုံးမှ သိလိုက...
Part 36(Uni +Zaw)
Start from the beginning
