Extras

8.5K 985 105
                                    

( Unicode )

အချပ်ပိုများ

၁.

"ချင်းနျို့ ငါ မှားသွားပါတယ်...ချီးပဲ ငါက မျိုးမစစ်ပဲ ငါ ထောင်ချီဆူးချွန်ရှပြီး သေသင့်တယ်...ငါ့ကို ရိုက်ပစ် ဆူပစ်လို့ ရတယ်...ထားမသွားပါနဲ့ကွာ..ချင်းနျို့ ငါ မင်းကို ချစ်တယ်...မင်းတစ်ယောက်ကိုပဲ ချစ်တာပါ...ငါ့ကို ထားမသွားပါနဲ့ ငါ မှားခဲ့မှန်း သိပါတယ်...ငါ့ကို အခွင့်အရေး နောက်တစ်ကြိမ်ထပ်ပေးပါကွာ..."

မိုင့်ယောင် မူးနေပြန်လေပြီ။

#1 ဖုန်းနံပါတ်ကား disconnected ​ဖြစ်နေချေ၏။

#2 ဖုန်းနံပါတ် ပိုင်ရှင်အနေဖြင့် မိုင့်ယွမ်သည် ဘားကို လာကာ အစ်ကိုဖြစ်သူကို အိမ်ပြန်ခေါ်ဖို့ တာဝန်ထမ်းရတော့သည်။

bartender သည် ညီအစ်ကိုနှစ်ယောက်လုံးရော ရွှီချင်းနျို့ကိုရော သိသည်။ ဖန်ခွက်ကို ပြောင်ရှင်းအောင် သုတ်နေရင်း သူက မိုင့်ယွမ်ကို ပြော၏ "ချင်းနျို့က အသည်းပျော့တဲ့ ကောင်လေးပါ မင်းအစ်ကို နည်းနည်းလောက်ပဲ အားစိုက်လိုက်တာနဲ့ ပြန်ယိုင်ချင် ယိုင်လာမှာပေါ့ ငါ့ဆီမှာပဲ တစ်နေကုန် အချိန်ဖြုန်းမနေနဲ့လို့ ပြောလိုက်"

မိုင့်ယွမ်က နှုတ်ဆိတ်ကာ ဝိုင်ခွက်ကို မော့သောက်လိုက်လေသည်။

ရွှီချင်းနျို့ ဘယ်တော့မှ ပြန်မလာတော့မှန်း သူ သိသည်။

မိုင့်ယောင်လည်း သိသည်။

ရွှီချင်းနျို့သည် တကယ်ပဲ အသည်းပျော့သော လူတစ်ဦးဖြစ်သည်။ သို့သော် ပြတ်သားပြီ ဆိုလျှင်လည်း အားလုံးထက် ပိုပြတ်သည်။

လွန်ခဲ့သော ခြောက်လခန့်က ထွက်သွားပြီးနောက် ဘယ်သူမှ မသိရအောင် ဖုန်းနံပါတ်ပါ ပြောင်းသွားခဲ့သည်။

ထိုအချိန်တည်းက ကမ္ဘာမြေပြင်ပေါ်ကနေ အစအန ရှာမရအောင် ပျောက်သွားခဲ့ကာ ထပ်ပေါ်မလာတော့။

ဤမျှ ရက်စက်တတ်သည့်အထိ သူ ဘယ်လောက်တောင် ဝမ်းနည်းစိတ်ပျက်သွားခဲ့ရပါသလဲ။

မိုင့်ယွမ်က အစ်ကိုဖြစ်သူကို ကြည့်ကာ သက်ပြင်းချသည် "အိုက်ယား အဲ့ဒါ မင်းအပြစ်ပဲ မှားမှန်းသိရင် အစတည်းက ဘာလို့ လုပ်သေးလဲ"

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now