( ၈ )

4.7K 698 41
                                    

( Unicode )

အခန်း ( ၈ )

ဘဝသည် ဘာမှ မဖြစ်ခဲ့သလိုပင် ရှေ့ဆက်လည်ပတ်ချေသည်။

ရွှီချင်းနျို့သည် အစတည်းက ချူချာသဖြင့် နေမကောင်းဟန်ဆောင်ပြလို့ရသည်။ ထိုဆင်ခြေနှင့်ပင် နောက်အခန်းထဲ ပြောင်းအိပ်လျက် မိုင့်ယောင်အား သူ့ကို ထိခွင့်မပေး။ မိုင့်ယောင်သည် မကျေမနပ်ဖြစ်သွားသော်လည်း အလုပ်က အခုရက်ပိုင်း ပြန်များလာလျက် ခရီးလည်းခဏခဏထွက်နေရသဖြင့် ဂရုသိပ်မထားတော့။

ရက်အချို့ကြာသောအခါ သူ ထပ်ပြီး အလုပ်ခရီးထွက်ရပြန်တော့သည်။ မသွားခင် ရွှီချင်းနျို့ကို နမ်း၍ ခပ်ဖွဖွပဲ ပြောလေသည် "ငါ့ကို သိပ်လွမ်းမနေနဲ့နော်"

ရွှီချင်းနျို့သည် အန်ချင်စိတ်အား မျိုသိပ်ကာ ပြုံးပြလိုက်လေသည် "သွားစမ်းပါ"

မိုင့်ယောင်သည် ဓာတ်လှေကားထဲ ဝင်သွားသောအချိန်ထိ ခြေလှမ်းအချို့ လှမ်းလိုက်၊ နောက်လှည့်ကာ အနမ်းတွေ ပေးလိုက်ဖြင့် ရှိနေလေသည်။ သူ ဓာတ်လှေကားထဲ ဝင်သွားတာနှင့် ရွှီချင်းနျို့မျက်နှာမှ အပြုံးကလည်း ပျောက်ကွယ်သွားတော့သည်။

စာအုပ်ဆိုင်တွင် သူ၏ ဝတ္ထုရှည်အပိုင်းနောက်တစ်ပိုင်းကို ရေးသားပြီးနောက် ရွှီချင်းနျို့သည် မိတ်ဆွေဟောင်းဖြစ်သော ဆုယန်နှင့် စကားသွားပြောလိုက်သည်။

ချင်းနျို့: "အခြေအနေဘယ်လိုလဲ"

ဝမ်းနည်းနေတဲ့ နေမင်းလေး: "ငါ့ နာမည်ပြောင်အသစ် TAT ကိုသာ ကြည့်လိုက်တော့"

( TN: ငိုနေတဲ့ emoticon )

ချင်းနျို့: "စီနီယာက ခုထိ အေးစက်စက်နဲ့ပဲလား"

ဝမ်းနည်းနေတဲ့ နေမင်းလေး: "အမ်း" ~~(>_<)~~

ဝမ်းနည်းနေတဲ့ နေမင်းလေး: "မင်း ပြောကြည့် ဘာလို့ ငါက သူ့အတွက် အဆင်မပြေရတာလဲ သူ ဘာလို့ ငါ့ကို ကောင်းကောင်းမဆက်ဆံရတာလဲ"

ချင်းနျို့: "အမ် အဲ့ဒါက..."

ဝမ်းနည်းနေတဲ့ နေမင်းလေး: "ငါ့မှာ မိသားစုနဲ့ အလုပ်ကို စွန့်ပစ်ပြီး သူ့နောက် လိုက်ခဲ့ရတာ ငါ့ကို ပြန်မကြိုက်တောင် အခုလို ဥပေက္ခာပြုမထားသင့်ဘူးကွာ ငါကလေ မျက်နှာအရေထူပေမဲ့ နှလုံးသားနဲ့ပါ ငါ့ကို ဒီလို ဆက်ဆံတာ ရင်နာရတယ်"

တန်ရာတန်ကြေး 〖 Completed 〗Onde histórias criam vida. Descubra agora