( ၂ )

5.4K 712 8
                                    

( Unicode )

အခန်း ( ၂ )

ရွှီချင်းနျို့နှင့် မိုင့်ယောင်တို့ လက်တွဲလာသည်မှာ ခုနှစ်နှစ်ကြာပြီဖြစ်ရာ နှစ်ဦးသားဆက်ဆံရေးလည်း ကောင်းမွန်လေသည်။ သို့သော် တခြားစုံတွဲများလို ကတောက်ကဆများ၊ စိတ်ကောက်ပြီး တစ်ယောက်ကို တစ်ယောက် မခေါ်ကြခြင်း၊ ဘယ်သူပြန်စခေါ်မလဲ မျှော်ရခြင်းစသဖြင့်တော့ ရှိတာပင်။

လွန်ခဲ့သော နှစ်လတွင် နှစ်ယောက်သား အသေးအမွှားကိစ္စလေးတစ်ခုနှင့် စကားအကြီးအကျယ် များခဲ့လေ၏။ မိုင့်ယောင်သည် တံခါးကို ဆောင့်ပိတ်၍ ထွက်သွားကာ ထိုညက တစ်ညလုံး ပြန်မလာခဲ့ပေ။ နောက်နေ့တွင် မိုင့်ယောင်မှပဲ စတင်အလျှော့ပေးလိုက်ကာ နှစ်ယောက်သား ပြန်တည့်သွားကြတော့သည်။

ထိုအချိန်မှစကာ အကြောင်းအရာ မည်မျှပင် သေးသေး၊ ကြီးကြီး မိုင့်ယောင်က အတတ်နိုင်ဆုံး ရွှီချင်းနျို့နှင့် ညှိပေးသည်။ သူက ပြော၏ "ရန်ဖြစ်တာက ရင်နာရတယ် ငါ မင်းနဲ့ ရန်မဖြစ်တော့ဘူး ငါတို့ စိတ်ချမ်းချမ်းသာသာပဲ နေကြမယ်လေ"

ရွှီချင်းနျို့မှာ သောက်ရမ်းပီတိတွေ ဖြာသွားခဲ့ရချေသည်။ ထို့နောက် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဆန်းစစ်၍ တစ်ဖက်မှ လူကိုလည်း ထည့်စဥ်းစားကာ မိုင့်ယောင်အား ဦးစားပေးလာတော့သည်။

ဝတ္ထုများ တီဗီဇာတ်လမ်းတွဲများတွင် ယောက်ျားတစ်ဦးမှ သူ၏ဇနီးဖြစ်သူအပေါ် ဖောက်ပြန်ပြီဆိုလျှင် သူမအတွက် လက်ဆောင်ပဏာများ ဝယ်ပေးလိုပေး၊ ပိုကြင်နာပြလိုပြနှင့် အမှောင်ချခံထားရသော တစ်ဖက်လူကို ပေးဆပ်ကြသည်။ ရွှီချင်းနျို့ ဝတ္ထုရေးတော့လည်း ထိုအကြောင်းမျိုး ထည့်သွင်းရေးသားဖူးသည်။

မိုင့်ယောင်၏ သစ္စာမရှိမှုအား နောက်ပိုင်း သိသွားတော့မှ တစ်ချိန်လုံး ဤလူ မည်မျှ ရိုကျိုးနွံနေခဲ့ပုံကို မြင်ယောင်မိကာ သူ့ကိုယ်သူ အရူးကြီးလုံးလုံးဖြစ်ခဲ့ကြောင်း နားလည်သွားရပါ၏။

ရွှီချင်းနျို့သည် ငတုံးတစ်ယောက်မဟုတ်။ မိုင့်ယောင်ကို အယုံကြီးလွန်းခဲ့ခြင်းသာ။

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now