( ၆ )

4.6K 713 80
                                    

( Unicode )

အခန်း ( ၆ )

မိုင့်ယောင်သည် အလုပ်ခရီးစဥ်ကို ခဏဖြတ်ထားခဲ့ရလေရာ ရွှီချင်းနျို့ တကယ်အဆင်ပြေမှန်း သေချာမှ တစ်ညပဲ နားကာ နောက်နေ့ မနက်ခင်းတွင် ပြန်ပြေးရတော့သည်။ မသွားခင် ရွှီချင်းနျို့ နဖူးအား အနမ်းခြွေကာ "ပေါင်ပေ့ ကိုယ် သွားပြီ..."

ရွှီချင်းနျို့သည် အိပ်မောကျနေဟန်ဆောင်ကာ ဟိုဒီလူးလွန့်၍ ဝူးတူးဝါးတား ရေရွတ်နေလိုက်သည်။

"တကယ့် အပျင်းလေး!" မိုင့်ယောင်သည် ဘာမျှမတတ်နိုင်စွာ ပြုံး၍ ရွှီချင်းနျို့၏ ထောင်တက်နေသော တင်လုံးလေးများကို ပုတ်ကာ အဝတ်လဲပြီး ပြန်သွားတော့သည်။

တံခါးပိတ်သံကို ကြားသော် ရွှီချင်းနျို့သည် မျက်လုံးများ ဖွင့်လာသော်လည်း ရင်ထဲ ဟင်းလင်းပြင်အလား လစ်ဟာနေမိသည်။

မိုင့်ယောင်သည် ဖောက်ပြန်နေပါရက်နှင့် အဘယ်ကြောင့် သူ့အပေါ် ကောင်းပြနိုင်သေးပါသနည်း။

သူ အစကတော့ မိုင့်ယောင်နှင့် ချက်ချင်းပင် လမ်းခွဲကာ နောက်ပြန်မလှည့်စတမ်း ထွက်သွားရန် ကြံထားခဲ့သော်ငြား ရင်ထဲတွင် တစ်ဖက်လူအတွက် လျှောက်လဲချက်များ ထုတ်ပေးနေမိသည်။ ယောက်ျားဆိုသည်ကား ခန္ဓာကိုယ်အောက်ပိုင်း သတ္တဝါများပင်။ သို့ဖြစ်ရာ အရက်မူးနေ၍ တစ်ခဏ ထိန်းချုပ်နိုင်စွမ်းလွတ်သွားတာမျိုးလည်း ဖြစ်နိုင်သည်လေ...

အမှန်တိုင်းပြောရလျှင် သူ မိုင့်ယောင်ကို လက်မလွှတ်ချင်သေး။ သူ့ဘဝ ငယ်ရွယ်မှုရော မိသားစုပါ စတေးလျက် တည်ဆောက်ထားရသော ဤ relationship တစ်ခုကို လက်မလွှတ်ချင်သေး။

သို့သော်ငြား ဘာမှမဖြစ်သလိုဟန်ဆောင်ကာ မိုင့်ယောင်နှင့် လင်းရှောင်ဝမ်တို့အား အရင်အတိုင်း ဆက်ဆံဖို့တော့ မဖြစ်နိုင်လောက်တော့။ ထိုနှစ်ဦး၏ သစ္စာဖောက်မှုသည် ဆူးတစ်ချောင်းကဲ့သို့ ရင်ထဲ စိုက်ဝင်နေခဲ့ပြီးပြီ။

မိုင့်ယောင် အလုပ်ခရီးထွက်နေရချိန်တွင် စာအုပ်ဆိုင်ရှေ့တွင် ဆိုင်ပိတ်ကြောင်း ဆိုင်းဘုတ်ထောင်၍ စာရေးသားနေမှုကိုလည်း အကုန်ရပ်ကာ အိမ်ထဲအောင်းလျက် လင်းရှောင်ဝမ်ကို လျစ်လျူရှုထားမိသည်။ အိမ်တွင် တစ်ကိုယ်ရည် နေကာ ခွင့်လွှတ်ခြင်း နှင့် လမ်းခွဲခြင်း နှစ်ခုအကြား ဗျာများနေမိသည်။ တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသွားသလိုပင် ဆန့်ကျင်ဘက်အရပ်နှစ်ခုထံ သူ့အား ဆွဲခေါ်ကြသည်။ ရွှီချင်းနျို့သည် အင်မတန် နာကျင်ရကာ ခန္ဓာတစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို စိတ်ရှုပ်ထွေးရသည်။

တန်ရာတန်ကြေး 〖 Completed 〗Donde viven las historias. Descúbrelo ahora