( ၁၀ )

4.8K 714 18
                                    

( Unicode )

အခန်း ( ၁၀ )

"နျို့နျို့ နျို့နျို့ လို့" မိုင့်ယောင်သည် ရင်ထဲ ခေါင်းအုံးတစ်လုံးပိုက်ရင်း ကိုယ်ယိမ်းထိုးလျက် ရွှီချင်းနျို့အာရုံအစိုက်ခံရအောင် ခေါ်နေလေသည်။

ရွှီချင်းနျို့သည် လက်များအား ကီးဘုတ်ပေါ် အလုပ်ပေးကာ မျက်လုံးကမူ ကွန်ပြူတာစခရင်မှနေ တစ်ချက်မကွာပဲ မေးသည် "ဘာရှိလို့လဲ"

မိုင့်ယောင်သည် ခုံရှေ့တွင် ကုန်းကုန်းကွကွဖြင့် ထိုင်ကာ မော်နီတာပေါ် မေးတင်၍ ဝမ်းနည်းနေဟန်ရလျက် ဆိုလေသည် "ချင်းနျို့ ငါ့ကို အရင်လို မချစ်တော့ဘူးလား အခုတလော အေးစက်စက်နဲ့..."

"ငါပြောထားတယ်လေ စာအုပ်တိုက်တစ်ခုနဲ့ စာချုပ်ချုပ်လိုက်လို့ စာမူအမှီရေးပေးရမယ်လို့"

"မသိဘူးကွာ ငါနဲ့ ညစာအတူစားပေး ရုပ်ရှင်အတူကြည့်ပေး ငါတို့ မဒိတ်ဖြစ်တာတောင် ဘယ်လောက်ကြာပြီလဲ"

ရွှီချင်းနျို့သည် နှာရိုးပေါ်မှ မှန်ကိုင်းအနက်ရောင်ရှိသော မျက်မှန်အား ချွတ်၍ ပြောမရဆိုမရအောင် ဖြစ်နေသည့် မိုင့်ယောင်ကို ခပ်တည်တည် ကြည့်လိုက်၏ "မင်းအလုပ်တွေ များနေတုန်းက ငါ စောဒကတက်ဖူးလား ငါ့ နေရာကို ဝင်ခံစားတတ်ပြီလား"

"အေးပါ အာ့ဆို ငါ တီဗီပဲ သွားကြည့်တော့မယ်..." မိုင့်ယောင်သည် စိတ်ဓာတ်ကျစွာ ထွက်သွားတော့သည်။

ရွှီချင်းနျို့သည် အနောက်တွင် လှောင်ရယ်ကာ စာဆက်ရေးနေလိုက်တော့သည်။

ဖုန်းသံက ရုတ်တရက်မြည်လာလေသည်။

ဖုန်းဖြေပြီးနောက် ရွှီချင်းနျို့သည် သူ့ အခန်းထဲ ဝင်ကာ အဝတ်လဲလိုက်သည်။

မိုင့်ယောင်သည် နောက်မှ အသဲအသန်လိုက်ကာ ပျော်ရွှင်စွာ မေးသည် "ချစ် ကိုယ်နဲ့အတူ အပြင်သွားမလို့လား"

"ဟင့်အင်း ခဏအပြင်ထွက်စရာ ပေါ်လာလို့" ရွှီချင်းနျို့သည် မျက်နှာတစ်ချက်မပျက်ပဲ ပြောလိုက်လေသည်။

မိုင့်ယောင်သည် ချက်ချင်းပဲ စိတ်ပျက်သွားကာ "ဘယ်သူနဲ့ သွားတွေ့မလို့လဲ"

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now