( ၄ )

4.5K 666 14
                                    

( Unicode )

အခန်း ( ၄ )

ရွှီချင်းနျို့သည်  လင်းရှောင်ဝမ်ကို ဂျူနီယာအထက်တန်းတက်ကတည်းက သိလာခြင်းဖြစ်သည်။ နှစ်ယောက်ကား အတန်းဖော်တွေ ဖြစ်ခဲ့ကြလေသည်။

ရွှီချင်းနျို့သည်  စာတော်ကာ လက်ရေးလှလည်း ကျွမ်းသည်။ သို့ဖြစ်ရာ ကျောင်းစတာနှင့် သတင်းပြန်ကြားရေးကော်မတီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတော့သည်။ ထို့ပြင် ရွှီချင်းနျို့က ပေါ့ပေါ့ပါးပါးရှိကာ ယဥ်ကျေး၍ ချောမောသဖြင့် အတန်းထဲ ပေါ်ပြူလာဖြစ်လေသည်။ ယောက်ျားလေးများသာမက မိန်းကလေးများပါ သူနှင့်အတူ တတွဲတွဲနေကြသည်။

တစ်ဖက်တွင်မူ လင်းရှောင်ဝမ်သည် မိသားစုနောက်ခံက မကောင်းပေ။ အာဟာရချို့တဲ့မှုကြောင့် ပိန်လီချောင်ကျကာ မျက်နှာရော ခန္ဓာကိုယ်ရော အမြဲလိုညစ်ထေးလျက် သူတောင်းစာရုပ် ပေါက်နေရာ ဘယ်သူကမှ စကားသွားမပြောလိုကြ။ ဆရာ၊ ဆရာမများ၊ အတန်းဖော်များတစ်ယောက်မှ လင်းရှောင်ဝမ်အား သဘောမကျခဲ့ကြပေ။

ရွှီချင်းနျို့နှင့် လင်းရှောင်ဝမ်တို့သည် တစ်နှစ်တိုင်အောင် အခေါ်အပြောမရှိပဲ အတန်းထဲ ရှေ့နောက်ထိုင်ခဲ့ချေ၏။ တစ်နေ့တော့ လင်းရှောင်ဝမ်၏ စာအုပ်ထဲမှ doodle ပုံများကို တွေ့ကာ ရွှီချင်းနျို့အံ့အားသင့်သွားခဲ့ရသည်။

"လင်းရှောင်ဝမ် မင်း ပန်းချီဆွဲတတ်တာလား"

လင်းရှောင်ဝမ်က ရှက်ရှက်ဖြင့် ခေါင်းကုတ်ကာ "အင်း မူလတန်းကျောင်းမှာ သင်ခဲ့ရတာ"

"မင်း ဆွဲထားတာ အရမ်းမိုက်တယ်" ရွှီချင်နျို့က ပန်းချီစာအုပ်ကို မ,ကြည့်လိုက်ပြီးနောက် စဥ်းစားကာ ပြောပေသည် "ငါနဲ့အတူ သင်ပုန်းသတင်းစာ ရေးချင်လား"

ထိုအချိန်များက သင်ပုန်းသတင်းစာဟူသည်ကား ဆရာများကို ကူ၍ အိမ်စာ စစ်ပေးရသလိုပင်။ ကျောင်းသားများအတွက် ဂုဏ်ထူးတစ်ရပ်ဖြစ်သည်။ လင်းရှောင်ဝမ်သည် ပျော်သွားကာ "ရေးလို့ရမလား"

"မင်း ပန်းချီက အရမ်းလှတာပဲကို ရေးလို့ သိပ်ရတာပေါ့ကွ"

ထိုသို့ဖြင့် လင်းရှောင်ဝမ်သည် ရွှီချင်းနျို့ကို စတင်ကူညီခဲ့တော့သည်။ နှစ်ယောက်သား အတူတူ ပုံဆွဲကာ စာရေးဖြစ်ကြသည်။ တစ်ယောက်အကြောင်းကို တစ်ယောက်က ဒက်ခနဲ သဘောပေါက်နိုင်စွမ်းရှိရာ သင်ပုန်းသတင်းစာပြိုင်ပွဲအတော်များများတွင် ဆုရခဲ့သည်။ ကျောင်းအုပ်ကပါ စုံညီပွဲတွင် သူတို့အတန်းကို ချီးကျူးရတဲ့အထိ ဖြစ်ခဲ့သည်။

တန်ရာတန်ကြေး 〖 Completed 〗Unde poveștirile trăiesc. Descoperă acum