Part 33(Uni+ Zaw)

Start from the beginning
                                    

မိဘမဲ့လို့ ကြားတယ်နော်!!

သားမရ အဖေပေါ့ ဟားဟား!!

လက်ထဲက ဖုန်းကို ပေါက်မခွဲ ဖြစ်အောင် မနဲ စိတ်ထိန်းထားရတယ်။ ကုတင်ပေါ်က ပုံရိပ်ဖြူလေးကို လှမ်းကြည့်လိုက်တော့ အေးချမ်းစွာ အိပ်ပျော်နေဆဲ။ ထိုလူသားလေးမျက်နှာကို မြင်တော့မှ သက်ပြင်းချကာ နံပါတ်တစ်ခုကို လှမ်းဆက်လိုက်သည်။ တစ်ဖက်လူက နာမည်အကြီး ဟက်ကာ အဖွဲ့ပင်။

"ဟယ်လို"

"ဟုတ်အကို"

"............အဲ့ဒီပို့စ်ကို အမြန်ဆုံး ဖျက်ပေးပါ။ ပြီးတော့ အောက်က comment မန့်တဲ့သူတွေရဲ့ အကောင့်ကို ပျက်အောင်ပါ ဖျတ်ဆီးပေးပါ ၄၅မိနစ် အတွင်း ပြီးစေချင်တယ် ။ ဒီသတင်းရဲ့ အစအနတောင် မကျန်ခဲ့စေနဲ့"

"အင်းအကို ၄၅မိနစ် အတွင်းဆိုတော့ လူအင်အားများများလိုမယ်"

"ရတယ် ငွေ အလုံအလောက်ပေးမယ် ပေးထားတဲ့ အချိန်အတွင်းသာ အလုပ်ပြီးပါစေ"

"သဘောတူတယ် အကို စိတ်ချပါ"

ဖုန်းချသွားသော တစ်ဖက်လူကတော့ ရီပေါ်နဲ့ ရင်နှီးတဲ့ လျှို့ဝှက် ဟက်ကာ အဖွဲ့ရဲ့ ခေါင်းဆောင် ဘဲ ဖြစ်တယ်။ ရီပေါ်နဲ့ ညီအကိုလို ရင်းနှီးရသူလဲ ဖြစ်တယ်။ သူတို့က နာမည်ကြီး အဖွဲ့အစည်း ဖြစ်ပေမဲ့ သူတို့ရဲ့ သရုပ်မှန်ကိုတော့ ဘယ်သူမှ မသိကြပေ။ သူတို့က လူတိုင်းရဲ့ အလုပ်ကို လက်မခံပေ။

ရီပေါ် အလုပ်တွေ ခွဲဝေ ပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်တော့သည်။ ခဏနေ ထွက်လာတော့လဲ ကလေးမနိုးသေးပါ။ နာရီကြည့်လိုက်တော့ ၇နာရီခှဲဘဲ ရှိသေးသည်။ သူရေချိုးတာ မိနစ် ၂၀ လောက်ဘဲ ကြာတယ်။

အနက်ရောင် ဝတ်စုံပြည့်လဲ လိုက်ပြီး အခန်းတံခါးကို တိတ်တိတ်လေး ဖွင့်ပြီး အောက်ထပ်ကို ဆင်းသွားလေသည်။ အခန်းထဲက ကလေးကတော့ လုံးဝပင် မနိုးသေးပေ။ ညက မနက်မိုးလင်းပေါက် ဖြစ်သွားတာကြောင့် ကလေးက လုံးဝနိုးမှာ မဟုတ်သေးပေ။

"သူဋေးကြီးအစောကြီး နိုးတာလား"

"ဟုတ်တယ် ဒေါ်ကြီးရေ"

Arr Ah Daddy (Complete)Where stories live. Discover now