စကားအဆုံးမှာ၊ ဟယ်ရှင်းလျန်မျက်နှာပေါ် မည်သို့သောအမူအရာမှရှိမနေခဲ့ပေ။

ပါးစပ်ထဲကလိုင်ချီးအရသာချိုချဉ်ကို ရုတ်တရပ်ကြီးမုန်းတီးလာမိတယ်။
ချိုလွန်းတယ်...သဘောမကျဘူး။

ဘယ်လိုလုပ်ပြီး ဒီလူကအဲ့လိုပြောနိုင်ရတာလဲ?

ဒီလူက သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုလေ!

ဒီစကားကို ဘယ်လိုများပြောထွက်နိုင်တာလဲ?

"ရှင်းလျန်! ရှင်းလျန်! မင်းဘယ်သွားမလို့လဲ!?"

တိုက်ခတ်လာတဲ့လေထုဟာ ဦးနှောက်ကိုထုံထိုင်းသွားစေတယ်။ နားရွက်တွေပါ အေးခဲသွားရပြီ။
စကားလုံးလေးတစ်လုံးပြောထွက်ဖို့တောင် အားအင်မလုံလောက်တော့ဘူး။

ဆောင်းရာသီရောက်လာတော့မှာလား?

"မင်းပြန်ဝင်နေလိုက်၊ ငါသွားရှာလိုက်မယ်"

ဟယ်ရှင်းချွမ်မျက်နှာဟာ ဖြူဆုတ်နေခဲ့တယ်။
"ဟင့်အင်း! ငါ...ငါ သူ့ကိုသွားရှာမှဖြစ်မယ်!"

ယန်ထန်က သူ့ရဲ့မာဖလာကိုဆွဲချွတ်လိုက်ပြီး၊ ဟယ်ရှင်းချွမ်ကိုဝတ်ပေးတယ်။
"အိမ်အရင်ပြန်လိုက်နော်။ မင်းရဲ့အခြေအနေက သူ့ထက်ပိုဆိုးနေတယ်၊ ကောပြောတာကို သဘောပေါက်တယ်မလား ဖြူလေး?"

"...ထန်ကော"

"မင်းရဲ့ထန်ကောကို ယုံကြည်တယ်မလား?"

အဆောက်အဦးရဲ့အောက်ထပ်မှာ၊ လေထုကပြင်းထန်လွန်းနေခဲ့တယ်။
ယန်ထန်ရဲ့အင်္ကျီအနားစကိုပါ တွန့်ကြေသွားလောက်တဲ့အထိ။

ဟယ်ရှင်းချွမ်က သူ့မျက်နှာကိုပွတ်သပ်နေပြီး၊ ခေါင်းလေးပါ ညိတ်ပြလာတယ်။
"ငါ...ငါပြန်သွားလိုက်မယ်"

ဟယ်ရှင်းချွမ်အပေါ်ပြန်တက်သွားခါမှ၊ ယန်ထန်ဟာ ပတ်ဝန်းကျင်မှာလူစရှာရတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[Zawgyi]

ဟယ်ရှင်းချွမ်က သိုးသားဟင်းပွဲကိုမှာစားခဲ့တယ်။သို့သော်လည်း၊ အသားရဲ့ညှီနံ့ကြောင့်ကောင်းကောင်းမစားနိုင်ခဲ့ဘူး။
သပ်ရပ်စွာလှီးဖြတ်ထားတဲ့ အမဲသားကင်Steakပန်းကန်ဟာ၊ သူ့ရှေ့ရောက်လာခဲ့တယ်။
ယန်ထန်က သူ့ပန်းကန်နဲ့လဲပေးလိုက်ခြင်း။
"ဒီဟာစားလိုက်၊ မင်းပန်းကန် ငါ့ကိုပေး"

Hedgehog And Tiger [Myanmar Translation]Donde viven las historias. Descúbrelo ahora