Part 26(Uni +Zaw)

Start from the beginning
                                    

"ဟုတ်"

တကယ့်ကို ခဏလေးပါဘဲ။ daddy အကြွေစေ့လဲ ပြီးတာနဲ့ အရုပ်ကောက်တဲ့နေရာ သွားလေသည်။

"Daddy ယုန်ရုပ်လေး ကောက်"

"ကောင်းပြီ"

"ရတော့မယ် ရတော့မယ် "

အနားကပ်ရခါနီးမှ ပြန်ပြုတ်ကျသွားသောကြောင့် ရှောင်ကျန့်ညှီးလေသည်။

ဒုတိယ အခါတွင်တော့

"ရတော့မယ် daddy
ရေးးး ရပြီ တော်လိုက်တာ daddy က အတော်ဆုံး မွ"

ရှောင်ကျန့်က အသံကျယ်ကျယ်နဲ့ အော်ပြီး ရီပေါ့် ပါးကို နမ်းလိုက်လေသည်။ ရီပေါ်က ယုန်ရုပ်လေးကို ရှောင်ကျန့်ကို ပေးလိုက်ပြီး

"ဟိုမှာ ရေခဲမုန့် ရောင်းနေတယ် စားချင်လား ကျန့်လေး"

"အင်း စားမယ်"

"ဒီမှာ ထိုင်စောင့်နေအုံး ကိုယ်သွားဝယ်ပေးမယ်"

"ဟုတ် daddy"

ရီပေါ် ရေခဲမုန့် သွားဝယ်နေတုံး ရှောင်ကျန့်ထိုင်နေတဲ့ ခုံဘေးက ခုံတန်းတွင် ထိုင်နေသော ကောင်မလေးတစ်ယောက်က စကား​လာပြောသည်။

"Daddy လို့ ကြားလိုက်လို့လေ သားအဖတွေလား"

ရှောင်ကျန့် အသံလာရာကို ကြည့်လိုက်တော့ နီညိုရောင်ဆိုးထားသော ဆံနွယ်ကောက်တွေရယ် အသားဖြူဖြူ ပေါင်တံရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက် ။ မိတ်ကပ်အပြင်အဆင် အဝတ်အစားအရ ဒီမိန်းကလေးဟာ ခေတ်မီပြီး ဆွဲဆောင်မှု ရှိတဲ့ အမျိုးအစားထဲမှာ ပါတယ်။

"daddy မဟုတ်တဲ့ daddy ပါ"

ရှောင်ကျန့်ဖြေလိုက်တော့ အဲ့မိန်းကလေးက ကြောင်သွားတယ်။ အဲ့အချိန် ရီပေါ် ရောက်လာတော့ ရှောင်ကျန့်လဲ ရီပေါ့် လက်ကို တွဲကာ ထွက်သွားလေသည်။

"daddy မဟုတ်တဲ့ daddy "
အဲ့ မိန်းကလေးတစ်ယောက်တည်း ရေရွတ်ကာ ကျန်ခဲ့လေသည်။

ဝေးဝေးရောက်တော့မှ ရှောင်ကျန့်က ရေခဲမုန့်စားရင်းနဲ့ ရီပေါ့်ကို ခုဏက ကိစ္စကို ပြောပြလိုက်သည်။ ရှောင်ကျန့်က ဆက်ပြောတယ်။

Arr Ah Daddy (Complete)Where stories live. Discover now