Extra[1]

3.2K 240 8
                                    

[Zawgyi]

မိုးသံတ​ဖြောက်​​ဖြောက်​​ကြောင့်​ ​ရှောင်းကျန့်
အိပ်​ရာကနိုးလာရတယ်​။ နာရီကို လှမ်းကြည့်​မိ​တော့
မနက်​၈နာရီ​တောင်​ ရှိ​နေပြီမို့ အပျင်းတစ်​မ​နေ​တော့ဘဲ အ​ကြောဆန့်​ကာ ထထိုင်​လိုက်​​တော့ သူ့​ဘေးမှာ
ရိ​ပေါ်ကရှိမ​နေ။

ကုတင်​​ပေါ်ကဆင်းပြီး အိမ်​ထဲ ဟိုဟိုဒီဒီ
လိုက်​ရှာ​တော့လည်း မ​တွေ့တာ​ကြောင့်
ပြတင်း​ပေါက်​က​နေ ခြံထဲကို လှမ်းကြည့်​မိ​တော့
သစ္စာပန်းခင်း​တွေကြား တကုပ်​ကုပ်​နှင့်
အလုပ်​ရှုပ်​​နေ​သော ​ကျောပြင်​​လေးကို သူ
လှမ်းမြင်​လိုက်​ရတာမို့ နည်းနည်း​လေးစိတ်​ဆိုးမိချင်​သွားသည်​။

အပြင်​မှာ မိုးဖွဲ​တွေကျ​နေတာကို အဲ့​ကောင်​​လေးက
ပန်းခင်းကြားထဲ အလုပ်​ရှုပ်​လို့​ကောင်း​နေဆဲ။

အိမ်​တံခါးဝမှာ ချိတ်​ထားသည့်​ ခ​မောက်​နှစ်​ခုအနက်
တစ်​ခုကိုသူ​ဆောင်းလိုက်​ကာ ​နောက်​တစ်​ခုကို
ရိ​ပေါ်အတွက်​ယူရင်း ခြံထဲဆင်းလာလိုက်​​​တော့
ပန်းခင်းထဲ​ပေါက်​​နေသည့်​ မြက်​​တွေကို တူရွင်း
အ​သေး​လေးနဲ့ဆွကာ နှုတ်​​နေသည့်​ ရိ​ပေါ်က
လှည့်​ကြည့်​လာသည်​။

"မိုးရွာ​နေတာကို အိမ်​ထဲမ​နေဘဲ ခြံထဲကို
ဘာလို့ဆင်းလာတာလဲ ​ကောရဲ့"

"မိုးရွာ​နေလို့ကိုဆင်းလာတာ။ မိုးမိရင်​ ဖျားမယ်
ရိ​ပေါ်...​ရော့ ဒါ​ဆောင်းထား"

ရိ​ပေါ်က သူလှမ်း​ပေးလိုက်​သည့်​ ခ​မောက်​ကို
ယူ​ဆောင်းလိုက်​ရင်း ပန်းခင်းကြားမှ
ထလာ​လေသည်​။

"အိမ်​ထဲဝင်​ကြစို့ ​ကော"

"အွန်း"

ရှေ့က​နေ ​ဘောက်​ဆတ်​​ဘောက်​ဆတ်​နှင့်
လျှောက်​​နေသည့်​ ​ကောရဲ့ပုခုံး​လေး​ကို
သူလှမ်းဖက်​လိုက်​​တော့ ကျန့်​​ကောက
သူ့ဘက်ကို လှည့်​ကြည့်​လာသည်​။

ခ​မောက်​​ဆောင်းထားသည့်​ကြားမှ မိုးပက်​ခံထားရတာမို့ ​ကောရဲ့မျက်​နှာ​လေးက မိုး​ရေတို့စိုစွတ်​လျက်​။
သူသိပ်​မြတ်​နိုးရပါသည့်​ မျက်​​တောင်​ရှည်​ကြီး​တွေ​ပေါ်မှာ ​ရေစက်​​လေး​တွေက တွဲလွဲခို​နေတာကို​တောင်
မနာလိုတာမို့ ​ကောရဲ့မျက်​ခွံ​လေး​တွေကို သူ
ဖွဖွ​လေးနမ်းလိုက်​မိသည်​။

Gladiolus[Completed]Onde histórias criam vida. Descubra agora