[ 23 ]

3.8K 490 21
                                    

[Zawgyi]

ပြေးထွက်​သွားတဲ့ ​ရှောင်းကျန့်​​နောက်​ကို ဆက်​မလိုက်​​တော့ဘဲ ​မြေပြင်​​ပေါ်မှာ ခဏလဲ​လျောင်း​နေလိုက်​မိသည်​။

ရှောင်းကျန့်​နဲ့ နီးစပ်​နိုင်​ဖို့က ဘာလို့ဒီ​လောက်​​တောင်​ ခက်​ခဲ​နေရတာလဲ?

အဲ့ဒီလူအ​ပေါ်မှာရှိတဲ့ သူ့ရဲ့အချစ်​​တွေက ဘယ်​​လောက်​စစ်​မှန်​လဲဆိုတာ သူ့ဟာသူအသိဆုံးပဲ။ ဒါ​ပေမဲ့ ဘာလို့များ သူက ​ရှောင်းကျန့်​ရဲ့အချစ်​ကို မရ​နိုင်​​သေးတာများလဲ။

အဲ့ဒီလူကို သူသိပ်​ချစ်​​ပေမဲ့ ထိုသူက​တော့ သူ့ကိုဆို ပစ်​ပစ်​ခါခါ လျစ်​လျူ ရှု​နေဆဲပဲ။

စောန​လေးတင်​ကမှ ​သူမွတ်​သိပ်​စွာ နမ်းရှိုက်​ခဲ့မိတဲ့ ​ရှောင်းကျန့်​ရဲ့နှုတ်​ခမ်းပါး​တွေအ​ကြောင်းကို ပြန်​စဉ်းစားမိ​တော့ သူ့နှုတ်​ခမ်းဖျားက ​ယောင်​​ယောင်​​လေး ပြုံးမိသွားသည်​။

ရှောင်းကျန့်​ဆိုတဲ့ အဆိပ်​က ​ဖြေ​ဆေးမရှိဘူးထင်​တယ်​...အဲ့ဒီအဆိပ်​မိပြီးကတည်းက သူ့မှာ ​နေ့​နေ့ညည ဒီစိတ်​နဲ့ပဲ ရူးသွပ်​​နေရ​တော့တာပါပဲ။

နဖူး​ပေါ် လက်​တင်​ကာ စဉ်းစားမိသမျှက ​ရှောင်းကျန့်​နဲ့ ပတ်​သက်​တာချည်းသာ။

သူနဲ့ဆိုင်​​ပေမဲ့ သူမပိုင်​တဲ့ စိတ်​နဲ့ခန္ဓာကိုယ်​အလုံးစုံက ​ရှောင်းကျန့်​ဆီမှာမှ ဝပ်​တွားခယလို​နေ​မှ​တော့ သူဘာတတ်​နိုင်​မှာလဲ။

စိတ်​ရဲ့အလိုကို ခန္ဓာကလိုက်​မိ​တော့ သူ့ရဲ့ရုပ်​နဲ့နာမ်​က ​ရှောင်းကျန့်​​ဆီကကို မခွာချင်​​တော့ဘူး။

လက်​စားလည်းမ​ချေချင်​​တော့ဘူး။

ရှောင်းကျန့်​ကို မုန်းရမယ်​ဆိုတဲ့ အ​တွေးနဲ့လည်း သူ့ဟာသူ ညှင်းမသတ်​ချင်​​တော့ဘူး။

မမုန်းနိုင်​မှ​တော့ ချစ်​ရုံ​ပေါ့...မဟုတ်​ဘူးလား?

ရင်​နဲ့ရင်းပြီး ​နောက်​တစ်​ခါထပ်​ချစ်​မယ်​။ ဒီတစ်​ကြိမ်​မှာ​တော့ သူဟာ ဘယ်​လိုနည်းနဲ့မှ ​ရှောင်းကျန့်​ကို အဆုံးရှုံးမခံ​တော့ဘူး။ ငယ်​ငယ်​ကလို ​ရှောင်းကျန့်​ကို ချစ်​ဖို့ကလွဲရင်​ ကျန်​တာဘာမှမသိတဲ့ အရူး​လေးဝမ်​ရိ​ပေါ်ပဲ သူပြန်​ဖြစ်​ချင်​​တော့တယ်​။

Gladiolus[Completed]Where stories live. Discover now