[ 12 ]

4.6K 533 20
                                    

[Zawgyi]

အခန်းထဲက ထွက်​လာပြီးသည်​နှင့်​ ​ရှေ့က ဂျပန်​​ကောင်​​ခေါ်ရာ​နောက်​သာ တ​ကောက်​​ကောက်​လိုက်​​နေရသည်​။ ဂျပန်​စစ်​စခန်းက အ​တော်​ကျယ်​တာမို့ အခုဖြတ်​လာခဲ့သည့်​ လမ်း​တွေပင်​ သူမမှတ်​မိ။

စစ်​စခန်းအပြင်​​ရောက်​​တော့ ဂျပန်​​ကောင်​က ကားတစ်​စီး​ပေါ်တက်​လိုက်​ပြီး သူ့ကိုပါ တက်​ဖို့ ​ခြေဟန်​လက်​ဟန်​ပြ​နေသည်​မို့ ဂျပန်​​ကောင်​ရဲ့​ဘေးသာ ဝင်​ထိုင်​လိုက်​သည်​။

ကား​မောင်းကြမ်းလှ​သော ဂျပန်​​ကောင်​​ကြောင့်​ သူတို့စီးလာသည့်​ ဂျစ်​ကား​လေးက ဟိုယိမ်းဒီယိမ်းဖြင့်​။ ကားမ​မှောက်​​အောင်​ ဘုရားတ​နေရသည့်​ ​ရှောင်းကျန့်​ရဲ့ဘဝကလည်း လွယ်​​တော့လွယ်​မ​နေဘူး။

ဂျပန်​လက်​ထဲ ​သေနတ်​ပစ်​ခံရလို့ မ​သေဘဲ ကား​မှောက်​လို့ ကြွ​တော့မယ်​ထင်​ပါရဲ့။

စ​ကောထဲက ဆီးဖြူ သီးလို ဟိုလှိမ့်​ဒီလှိမ့်​နဲ့ လိုက်​ပါရပြီး​နောက်​မှာ သူစီးလာရတဲ့ကားက စား​သောက်​ဆိုင်​တစ်​ခုဆိုင်​​ရှေ့မှာ ရပ်​သွားသည်​။

အောက်​မဆင်း​သေးဘဲ ကား​ပေါ်က​နေ အ​ခြေအ​နေအကဲခတ်​​နေ​သော သူ့ကို ဂျပန်​​ကောင်​က ကား​ပေါ်က ဆင်းခဲ့ဖို့ ​ခြေဟန်​လက်​ဟန်​ပြ​နေပြန်​သည်​။

ဂျပန်​​ကောင်​ကိုမ​ကြောက်​​ပေမဲ့ သူ့လက်​ထဲက ​သေနတ်​ကို​တော့ ​ကြောက်​တာမို့ အထွန့်​မတက်​​တော့ဘဲ ကား​ပေါ်ကဆင်းကာ ထိုဂျပန်​​ကောင်​နား အမြန်​​ပြေးသွားလိုက်​သည်​။

"Follow me"

ထိုစကားတစ်​ခွန်းသာ ​ပြောပြီး ဂျပန်​​ကောင်​က ဆိုင်​ထဲဝင်​သွားတာမို့ သူလည်း​နောက်​က အမြန်​လိုက်​ရသည်​။

ဆိုင်​ထဲ​ရောက်​​တော့ သူ့ပါးစပ်​က အလိုလို ပွင့်​ဟသွားရသည်​။ ကြည့်​မိတဲ့ ကိုယ့်​မျက်​လုံးကိုယ်​​တောင်​ ​ဖောက်​ထုတ်​ပစ်​လိုက်​ချင်​မိပါရဲ့။

စား​သောက်​ဆိုင်​ထင်​​နေခဲ့တာ...ဘယ်​ဟုတ်​မလဲ ​ဆောင်​ကြာမြိုင်​ဖြစ်​​နေတာကိုး။

Gladiolus[Completed]Where stories live. Discover now