[ 30 ]

4K 425 25
                                    

[Zawgyi]

ဝမ်​ရိ​ပေါ်ရဲ့ဒဏ်​ရာကို ​ရှောင်းကျန့်​က ဂရုတစိုက်​​ ​ဆေးထည့်​​ပေးတာ​ကြောင့်​ နှစ်​ပတ်​အတွင်းမှာပဲ အ​တော်​သက်​သာလာသည်​။ ဒီနှစ်​ပတ်​အတွင်းမှာ သူတို့နှစ်​​ယောက်​ကြား ခြားနား​နေ​သောစည်းကို ​ရှောင်းကျန့်​ဘက်​က အနည်းငယ်​ ​ဖြေ​လျော့​ပေးလာတာ​ကြောင့်​ နှစ်​​ယောက်​သားမှာ အရင်​ကထက်​ ပိုရင်းနှီးလာသည်လို့ ဆိုရမည်​။

အခုလို အနီးကပ်​​နေ​တော့မှ သူသတိထားမိတာက ဝမ်​ရိ​ပေါ်က တကယ်​​တော့ ရင့်​ကျက်​ချင်​​ယောင်​​ဆောင်​​နေတဲ့ ​ကောင်​ဆိုး​လေးဆိုတာကိုပဲ။

အရင်​က"ခင်​ဗျား"ချင်း ထပ်​​နေ​အောင်​ ​ခေါ်ခဲ့တဲ့ ​ကောင်​​လေးက အခုကျ​တော့လည်း "​ကော"ဆိုတဲ့ အ​ခေါ်အ​ဝေါ်ကို မ​ရေမတွက်​နိုင်​​အောင်​ ​ခေါ်ပြီး သူ့အနားမှာ အမြဲကပ်​​နေတတ်​သည်​။

ဝမ်​ရိ​ပေါ်ရဲ့တည်​ငြိမ်​မှု၊ ​အေးစက်​မှု​တွေကိုပဲ သူအမြဲမြင်​​နေခဲ့ရလို့လားမသိ၊ ဒီလိုအပြုအမူ​လေး​တွေနှင့်​ ဝမ်​ရိ​ပေါ်က သူ့အတွက်​ တစ်​မျိုး​လေး ထူးခြား​နေသည်​။

ဘာပဲဖြစ်​ဖြစ်​ အရင်​ကလို မျက်​နှာနုနု​လေးနဲ့ မလိုက်​​အောင်​ တည်​တင်း​နေတာမျိုးထက်​ အခုလို​လေးကပဲ ဝမ်​ရိ​ပေါ်အတွက်​ ပို​ကောင်းတယ်​လို့ သူထင်​မိတာပါပဲ။

အကုန်​လုံး အဆင်​​ပြေ​ပေမဲ့ အခက်​အခဲဆိုလို့ သူအ​ဖြေ​ပေးချင်​တဲ့ အချိန်​​ရောက်​ခါမှ သ​ကောင့်​သားက ဘာမှမ​ပြောဘဲ ​ရေငုံနှုတ်​ပိတ်​​နေ​နေတာ​လေးတင်​။

တကယ်​ဆို သူလည်း ဝမ်​ရိ​ပေါ်ကို ချစ်​မိ​နေပြီ။ ဝမ်​ရိ​ပေါ်ကလည်း အရင်​ကတည်းက သူ့ကိုအရမ်းချစ်​တာ သူအသိဆုံး။ အဲ့တာကို ဘာလို့ အခုမှ အဲ့ဒီ​ကောင်​​လေးက ချစ်​​ကြောင်းကြိုက်​​ကြောင်း​တွေ မ​ပြောရ​တော့တာလဲ?

ပေးစရာအ​ဖြေမရှိတုန်းက​တော့ ခဏခဏဝန်​ခံခဲ့ပြီး အခုအ​ဖြေပြန်​​ပေးမယ်​​တွေးခါမှ ဘာကိုမှ ဖွင့်​မ​ပြောလာ​တော့တဲ့ ဝမ်​ရိ​ပေါ်ကို သူစိတ်​တိုမဆုံး။ စိတ်​ရှိလက်​ရှိသာ ကန်​​ကျောက်​ရိုက်​နှက်​ပစ်​ချင်​​တော့တာပါပဲ။

Gladiolus[Completed]Where stories live. Discover now