[ 22 ]

4.2K 502 78
                                    

[Zawgyi]

သူ့ဆီကို တဖြည်းဖြည်း ​လျှောက်​လာ​နေ​သော ဝမ်​ရိ​ပေါ်ကိုကြည့်​ရတာ အရင်​နဲ့မတူဘဲ ထူးဆန်း​နေသလိုပဲ။ ဝမ်​ရိ​ပေါ်က တစ်​လှမ်းချင်း​ရောက်​လာရင်းက​နေ သူ့အနားနီးလာ​နေပြီမို့

"မတိုးလာနဲ့...အဲ့နားမှာပဲရပ်​​နေ"

သူ့စကား​ကြောင့်​ ဝမ်​ရိ​ပေါ်က ခဏရပ်​သွား​ပေမဲ့ ဆက်​တိုးလာ​နေပြန်​တာမို့

"ငါမင်းကိုရိုက်​မှာ​နော်​...ဝမ်​ရိ​ပေါ်"

သူ့စကားကို နားမ​ထောင်​သည့်​ ဝမ်​ရိ​ပေါ်က မရပ်​သည့်​အပြင်​ သူ့​ရှေ့တည့်​တည့်​မှာပင်​ လာရပ်​​နေ​သေးသည်​။ ဝမ်​ရိ​ပေါ်နှင့်​သူ အကြည့်​ချင်းဆုံ​နေခိုက်​မှာ

"ဒီ​နေ့မင်းအပြင်​သွားမှာမလား...ငါလည်းလိုက်​ခဲ့မယ်​​ရှောင်းကျန့်​"

ဒါ​လေး​ပြောဖို့ကို ဒီ​လောက်​ထိ ကပ်​လာစရာလိုလို့လား?

သူ့မှာဖြင့်​ ဝမ်​ရိ​ပေါ်က တစ်ခုခုလုပ်​​တော့မယ်​ထင်​ပြီး ရင်​​တောင်​တုန်​တယ်​။

"ဘာလိုက်​လုပ်​မှာလဲ...ငါ့ဟာငါတစ်​​ယောက်​တည်းပဲသွားချင်​တယ်​"

ဝမ်​ရိ​ပေါ်က တစ်​ခုခုကို အ​လေးအနက်​စဉ်းစားဟန်​ ပြု​နေရင်းမှ

"​အံဆွဲထဲက ​သေနတ်​နဲ့ ပစ်​သတ်​ခံချင်​လား...ဒါမှမဟုတ်​ ငါ့ကိုပါ​ခေါ်သွားမလား...မင်းကြိုက်​တာ​ပြော"

ဒီ​ကောင်​ သက်​သက်​ညစ်​​နေတာ။

တစ်​စက်​မှ အကျင့်​မ​ကောင်းတဲ့​ကောင်​!

"​မင်းအကျင့်​ယုတ်​လှချည်​လား"

ဒေါသ​ကြောင့်​ ရှူးရှူးရှားရှားဖြစ်​​နေသည့်​ သူ့ကို ဝမ်​ရိ​ပေါ်က ကြည့်​ရင်းရယ်​​နေကာ

"ငါအကျင့်​ယုတ်​​တော့ ဘယ်​သူကလာ​ပြောရမှာလဲ...​​အေး ​ပြောရဲတဲ့​ကောင်​ရှိလာရင်​လည်း ငါကအ​သေသတ်​ပစ်​မှာ"

"မင်းဘာလို့များ ဒီ​လောက်​​တောင်​ စိတ်​​ရောကိုယ်​ပါ ကြမ်းတမ်းလာရတာလဲ"

"အ​ခြေအ​နေနဲ့အချိန်​အခါအရ ​ပြောင်းလဲသွားတာ​လေ"

"ထားပါ​တော့..မင်း​ရေသွားချိုး​တော့ ငါမနက်​စာပြင်​ထားလိုက်​မယ်"

Gladiolus[Completed]Where stories live. Discover now