အပိုင်း - ၆၉ { နီစွေးသော ခန်းဆီးစများနောက်ဝယ် }

3.3K 724 161
                                    

အပိုင်း - ၆၉

{ နီစွေးသော ခန်းဆီးစများနောက်ဝယ် }

ကျင်ချီးမှာ ထိုယောက်ျားကို တစ်ခါမှ မသိကျွမ်းဖူးသည့်အလား အချိန်အတော်ကြာသည်အထိ ဟယ့်လျန်ရိအား ကြောင်အမှင်သက်စွာ ငေးကြည့်လာခဲ့သည်။

ဟယ့်လျန်ရိ ရယ်မိသွား၏။

"ဘာလို့ အရမ်းတုံးအတဲ့ရုပ်မျိုး ပေါက်သွားတာလဲဟမ်"

ကျင်ချီးမှ စကားစ,ဆိုရန် ပြင်လိုက်သော်လည်း သူ ဘာမှမပြောရသေးခင်မှာတင် ဟယ့်လျန်ရိက လက်မြှောက်လိုက်ကာ သူ့စကားအား ဖြတ်တောက်လိုက်သည်။ ထို့နောက် လက်ကိုပြန်ချလိုက်ကာ ဆက်ပြောလာသည်။

"ငါ မင်းကို ဒီကိစ္စ တိုင်ပင်ဆွေးနွေးနေတာမဟုတ်ဘူး။ နန်ကျန်းရဲ့ နတ်ဆေးဆရာလေးက စစ်သုံ့ပန်းဓားစာခံတစ်ယောက်ပဲဆိုပေမယ့် သူ့ရဲ့အရည်အချင်းက သိပ်မဆိုးဘူး။ သူရောက်လာတုန်းကလည်း ခမည်းတော်ဧကရာဇ်ကိုယ်တိုင် ခရီးဦးကြိုဆိုခဲ့တယ်၊ ဒါကြောင့် သူ ပြန်သွားတဲ့အချိန်မှာ ဖြစ်တတ်ကဆန်း လုပ်လို့မရဘူး။ ဒါကြောင့် သူ့ကို ပြန်လိုက်ပို့ပေးဖို့အတွက် ငါကိုယ်တော်က မင်းကို အမိန့်ပေးနေတာဖြစ်တယ်"

ဟယ့်လျန်ရိက အသက်ဝဝရှိုက်ရှူလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်ရှိုက်ထုတ်လိုက်သည်။

"ခမည်းတော်ဧကရာဇ်က အဲ့လိုအခြေအနေထိ ဖြစ်နေပြီ၊ ငါ နောက်ဆုတ်လို့ မရတော့ဘူး။ တခြားလူတွေကလည်း သင့်တော်လုံလောက်တဲ့အရည်အချင်း ရှိမနေခဲ့ပြန်ဘူး။ မင်းလည်း တတ်နိုင်သလောက် အမြန်ဆုံး ပြင်ဆင်ထွက်ခွာသွားလိုက်ပါ"

ထို့နောက် ဟယ့်လျန်ရိက ယူကွေအား မျက်ရိပ်မျက်ကဲတစ်ချက် ပြလိုက်သည်၊ ယူကွေလည်း ချက်ချင်းပင် အမိန့်​စာတမ်းတစ်ခုအား လာရောက်ဆက်သ၏။ ကျင်ချီးလည်း အလိုအလျောက်ပင် ထရပ်လိုက်ရပြီး ဟယ့်လျန်ရိရှေ့ ဒူးထောက်လိုက်သည်။

ဟယ့်လျန်ရိက အမိန့်စာတမ်းကို ကိုယ်တိုင်ကိုယ်ကျ ယူလိုက်ကာ ကျင်ချီးအား လှမ်းပေးလာသည်။

အရှင်ခုနစ် Where stories live. Discover now