အပိုင်း - ၃၄ { ရှုပ်ထွေးသော နောက်ဆက်တွဲကိစ္စများ }

2.8K 703 73
                                    

အပိုင်း - ၃၄

{ ရှုပ်ထွေးသော နောက်ဆက်တွဲကိစ္စများ }

ဝတ်ရုံအရှည်ကြီးဝတ်ထားသော လူငယ်လေးတစ်ယောက်က ဧည့်ခံပွဲထဲ ဗြုန်းစားကြီးဝင်လာခဲ့လေရာ အစောင့်ရဲမက်များက သူ့အား လိုက်ဖမ်းခဲ့ကြသည်။ ညကြီးမင်းကြီး လျှောက်ပြီးပြေးလွှားနေသော၊ ဆံပင်ရှည်များ လျော့တိလျော့ရဲကျဆင်းနေသော သနားစရာစာသင်သားလုလင်လေးမှာ သရဲတစ်ကောင်နှင့်ပင် တူနေခဲ့သည်။

ထိုရုတ်ရုတ်သဲသဲအဖြစ်က ပွဲထဲရှိလူတိုင်း၏ အကြည့်များအား ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် ကျင်ချီးကမူ ခေါင်းမော့လာကာ လျောင့်ကျန့်တုံးအား ပြုံးပြီးကြည့်လာ၏။

"ဘယ်ဇာတ်လမ်းအကြောင်း ကပြတင်ဆက်နေပါသလဲ၊ လူကြီးမင်းလျောင့်"

လျောင့်ကျန့်တုံးမှာ သူ့အမှားကို အမြန်ပင်ဝန်ခံလာလိုက်ကာ အတင်းဝင်လာခဲ့သော ရဲမက်များဘက်လှည့်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"မင်းတို့က ဘာကောင်ကြီးကို ဒီထဲဝင်လာခွင့်ပြုလိုက်သလဲကွ။ မင်းတို့ကို ငါ ဘာအတွက် အလုပ်ခန့်ထားတာလဲပြောစမ်း !!!!!! "

ခဏလေးအတွင်းမှာပင် ထိုစာသင်သားလုလင်ပျိုကို ဖမ်းဆီးလာနိုင်ခဲ့ကာ သူ့လက်နှစ်ဖက်စလုံးကို နောက်ပြန်ကြိုးတုပ်ထားလိုက်ကြသည်။ သူ့အားဖမ်းမိလာသော ရဲမက်များမှာ သူတို့၏အသက်က ထိုအပေါ်တွင်မူတည်နေသည့်အလား ၊ ထိုလုလင်အား ထွက်မပြေးနိုင်အောက် မရမကဖိနှိပ်ထားလို့။ ထို့နောက် နောက်ထပ်လူနှစ်ယောက် ရောက်လာကာ သူ့အား အပြင်ဘက်သို့ ဖမ်းခေါ်သွားသည်။ သို့သော် ထိုစာသင်သားက အတင်းရုန်းကန်လာကာ ဆဲရေးတိုင်းထွာလာခဲ့သည်။

" လာဘ်စားထားတဲ့အရာရှိတွေ!!!! အတော့်ကို တည်ကြည်ခန့်ညားတဲ့အရာရှိတွေ !!!!! ဘာကို အစိုးရလဲ၊ ဘာကို ဘုရင့်တမန်တော်လဲ။ မင်းတို့နှစ်​ေကာင်လုံးက တစ်သိုက်တည်းကလာတဲ့ မြွေနဲ့ကြွက်တွေလိုပဲ၊ မြူခိုးနဲ့ နှင်းထုတွေလို ရောနှောနေကြတာပဲ။ ဒီနယ်မြေကို တစ်ချက် ကြည့်လိုက်စမ်းပါဦး၊ ဒီနယ်မြေကို ဘယ်သူက တကယ်ပိုင်တာတဲ့လဲ။ ကျင်းလွမ်နန်းဆောင်မှာရှိတဲ့လူကရော မျက်လုံးတွေကန်းနေတာလား!!!!!  " (T/n : ကျင်းလွမ်နန်းဆောင်မှာရှိတဲ့လူ = ဧကရာဇ် )

အရှင်ခုနစ် Where stories live. Discover now