အပိုင်း - ၆၇ { သွေးဖြင့်ခြယ်မှုန်းသော ည }

2.8K 663 64
                                    

အပိုင်း - ၆၇

{ သွေးဖြင့်ခြယ်မှုန်းသော ည }

ဟယ့်လျန်ဖေ့၏ သတိစိတ်မှာ တစ်နေ့တစ်ခြား ယိုယွင်းလာခဲ့ပေသည်။ အရင်တစ်ခေါက် နေမကောင်းဖြစ်ခဲ့စဥ်တုန်းက သူ၏ချည့်နဲ့လှသော ခန္ဓာကိုယ်မှာ အခွံဗလာအဖြစ်သာ ကျန်သွားခဲ့ကာ၊ ယခု အကြောက်တရားများနှင့်ပါ ထပ်ပေါင်းထည့်လိုက်သောအခါ တကယ်ပင် သေအံ့မူးမူးဖြစ်နေခဲ့၏။ နေ့ခင်းပိုင်း ပြန်နိုးလာသည့် အကြိမ်ရေကလည်း ကျဲပါးသထက်ကျဲပါးလာကာ ၊ နေ့စဥ်နေ့တိုင်း ဟယ့်လျန်ရိ လာရောက်အစီရင်ခံတင်သမျှကို နားထောင်ဖို့ ခွန်အားများကို မနည်းစုစည်းခဲ့ရ၏။ အများအားဖြင့်မူ ဟယ့်လျန်ရိ ပြော၍မပြီးသေးခင်မှာပင် ပြန်အိပ်သွားတတ်လေ၏။

အိမ်ရှေ့စံမင်းသားက အရှေ့နန်းဆောင်တွင် စံမြန်းနေသော်ငြား နန်းဆောင်ရွှေ့ပြောင်းရရန် သိပ်မကြာလောက်တော့ဟု လူတိုင်း ယူဆနေကြပြီဖြစ်သည်။

သို့သော် အိမ်ရှေ့စံဘက်မှ ထီးနန်းပလ္လင် မသိမ်းပိုက်ရသေးခင်မှာပင် မိသားစုအရေးနှင့်တိုင်းပြည်အရေးစသော ပြဿနာပေါင်းမျိုးစုံက သူ့ပခုံးပေါ်သို့ အတော်လေး ဆိုးရွားလေးလံစွာ ဖိချနှိပ်စက်လာခဲ့သည်။ ထိုဝန်ထုပ်ဝန်ထိုးများကို လျော့ပါးသက်သွားစေရန်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။ နတ်ရွာစံပြီးသွားသော အရင်ဧကရာဇ်က တိုင်းပြည်တစ်ဝက်ကို ပျက်သုဥ္းအောင် ပြုလုပ်ခဲ့လေသည်။ သို့သော် ဟယ့်လျန်ဖေ့ထဲ လွှဲပြောင်းပေးအပ်လာသောအခါ အုပ်ချုပ်စိုးစံဖို့ရာတော့ အခြေအနေကောင်းနေပါသေးသည်ဟု ပြောနိုင်သေး၏။ သို့သော် ဟယ့်လျန်ဖေ့မှ သုံးဆယ့်ခြောက်နှစ်ကြာ အုပ်စိုးပြီးသွားသောအခါတွင်မူ အခြားသူများ မျှော်မှန်းထားသည့်အတိုင်းပင် ၊ ကျန်သောတိုင်းပြည်တစ်ဝက်ကို အကုန်ပျက်သုဥ္းစေခဲ့လေပြီ။ ထို့ကြောင့် ဟယ့်လျန်ရိလက်ထဲ သက်ဆင်းလာသောအခါ ဤတိုင်းပြည်ကြီး မည်သို့ဆက်ဖြစ်သွားမည်မှန်း လုံးဝ မပြောနိုင်တော့ပါချေ။

ဟယ့်လျန်ရိကများ တကယ်ကံဆိုးနေရော့သလား၊ သို့တည်းမဟုတ် အရာရာတိုင်းကို စတင်တည်ဆောက်ဖို့အတွက် ဤလောကကြီးထဲ မွေးဖွားလာခဲ့ခြင်းပေလား မသဲကွဲတော့ပါချေ။

အရှင်ခုနစ် Where stories live. Discover now