အပိုင်း - ၅၁ { အဘက်ဘက်မှ ရောက်ရှိလာသော သူရဲကောင်းများ }

2.9K 708 82
                                    

အပိုင်း - ၅၁ { အဘက်ဘက်မှ ရောက်ရှိလာသော သူရဲကောင်းများ }

အစပထမတော့ ဝူးရှီး၏ ဖုံးကွယ်ဟန်ဆောင်ခြင်းမရှိသော အကြည့်စူးစူးများကို ကြည့်ရင်း ကျင်ချီးမှာ မနေတတ်မထိုင်တတ်ဖြစ်သွားသည်။ ခဏကြာတော့မှ ယခုရက်ပိုင်း နေရာတိုင်းတွင် ကြောက်လန့်ဖွယ်ရာကိစ္စများ၊ စိတ်ဆင်းရဲစရာများနှင့် ပရိယာယ်ထောင်ချောက်များ ရှိနေခဲ့ကြောင်း သတိရသွားသည်။ ထို့အပြင် ပျော်ပွဲရွှင်ပွဲလည်း ကျဲပါးကာ အရက်သေစာသောက်စရာလည်းမရှိ ၊ သီချင်းနားထောင်စရာလည်း မရှိခဲ့။ ထို့ကြောင့်ပင် သူ့ခန္ဓာကိုယ်ရှိ အရိုးအဆစ်များမှာ အင်မတန်မှ အောင့်သက်နာကျင်နေသည်ဟု ကျင်ချီး ခံစားနေရ၏။

ထို့ကြောင့် ချက်ချင်း ထရပ်လိုက်ကာ ခါးကို အကြောအချဥ္ဆန့်ရင်းနှင့် ဝူးရှီးအားပြောလိုက်၏။

"ခြံထဲ သိုင်းသွားကျင့်ဖို့ ငါနဲ့လိုက်လာခဲ့၊ အကြောလေးဘာလေးလျှော့ရအောင်"

ဝူးရှီးမှာ တစ်ဖက်လူအား နန်ကျန်းသို့ ဘယ်လိုခေါ်သွားရပါ့ဟူ၍ စိတ်ထဲမှ ကြံစည်နေခဲ့လေရာ ကျင်ချီး၏စကားကို ကြားလိုက်သော်ငြား ချက်ချင်း မတုံ့ပြန်နိုင်ခဲ့။ ထို့ကြောင့် ရိုးသားစွာသာ ပြောလာခဲ့သည်။

"ကျွန်တော် အရှင့်သားနဲ့ သိုင်းမကျင့်တော့ပါဘူး။ အရှင့်သားရဲ့ ကိုယ်ခံပညာက သိပ်မှမကောင်းတာ။ အရှင့်သားကို နာကျင်အောင် လုပ်မိမှာ စိုးတယ် "

သူ့ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် ၊ မှန်သောစကားဖြစ်နေသော်ငြား သူ အပြောမှားသွားပြီဖြစ်ကြောင်း ဝူးရှီးသိလိုက်သည်။ သေချာပါသည်၊ ကျင်ချီးမှာ အကြောအချဥ်ဆန့်နေစဥ် ချက်ချင်းရပ်တန့်သွားကာ သူ့အား မကျေမနပ် စိုက်ကြည့်လာ၏။ ထို့နောက် ခြောက်ခြားဖွယ်ကောင်းသောအပြုံးမျိုး ပြုံးပြလာကာ ဝူးရှီးကို အင်္ကျီလည်ပင်းမှ ဆောင့်ဆွဲပြီး စာကြည့်ခန်းထဲမှ ခေါ်ထုတ်သွား၏။

"ကောင်စုတ်လေး၊ ငါ့ရဲ့ကိုယ်ခံပညာ ကောင်းမကောင်းဆိုတာ ငါ့လက်သီးတွေနဲ့ နှစ်ချက်လောက် အထိုးခံပြီးမှ မင်းသိနိုင်မယ့်ကိစ္စ"

အရှင်ခုနစ် Where stories live. Discover now