အပိုင်း - ၁၆ { လရောင်အောက်က လှပျိုမယ် }

4K 899 214
                                    

အပိုင်း - ၁၆

(လရောင်အောက်က လှပျိုမယ်)

ကျင်ချီး​မှာ ဘေးသို့ ခြေလှမ်းတစ်ဝက်ဆုတ်မိသွား၏။

"အရှင့်သားကို စိုးရိမ်တော်မူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ အခုတော့ ပြန်သက်သာလာပါပြီဘုရား"

"ပြန်သက်သာလာတာ မြန်သားပဲ...."

ဟယ့်လျန်ရိက အေးစက်စွာပင် အပြစ်ဆိုလာသည်။

လူအုပ်ကြီး၏ ဆူညံပွက်လောသံကြောင့်လား၊ သို့တည်းမဟုတ် သေရည်အနည်းငယ်သောက်ထားသဖြင့် ရိပ်တိ်တ်တိ်တ်မူးနေသောကြောင့်လားမသိ ၊ ထီးညွန့်နန်းလျာ အိမ်ရှေ့စံဥပရာဇာလေးမှာ သူ့ရင်ဘတ်ကြီးထဲတွင် အလုံးကြီးတစ်လုံး လာရောက်တစ်ဆို့နေကာ မွန်းကျပ်လှိုက်မောလှသည်ဟု ခံစားနေရ၏။ သို့နှင့် သူ၏မျက်ခုံးတန်းများမှာ တစ်ဖြည်းဖြည်းတွန့်ချိုးလာတော့သည်။

သို့သော်လည်း ထိုသို့သော အသေးအဖွဲကိစ္စလေးများအပေါ် ဒေါသထွက်ဖို့မသင့်တော်ကြောင်း ဟယ့်လျန်ရိ ယူဆထားသဖြင့် - သူ့နှလုံးသားထဲ တဖြည်းဖြည်းစုဆုံလှိုက်တက်လာသော ၊ စကားလုံးဖြင့်ဖော်ပြခြင်းငှာ မစွမ်းသာသည့် ၊ ထိုခံစားချက်အရှုပ်အထွေးကြီးကို အတင်းအကျပ် မျိုချချုပ်တီးထားလိုက်ရသည်။ သို့သော် မည်သို့ပဲကြည့်ကြည့်၊ ကျင်ချီး၏အပြုအမူမှာ သဘောတူလက်ခံနိုင်စရာအကြောင်း လုံးဝမရှိမှန်း တွေ့နေရပေသည်။

ဟယ့်လျန်ရိဝမ်းဗိုက်ထဲရှိ ပိုးကောင်တစ်ကောင်အလား ဟယ့်လျန်ရိ၏အကြောင်းကို နောကျေနေအောင်သိထားသော ကျင်ချီးမှာ ဟယ့်လျန်ရိ၏ ထိုမျက်နှာပေးကို မြင်လိုက်သည်နှင့် တစ်ဖက်လူက ဟာသအဖြစ်နောက်ပြောင်ပြောဆိုနေခြင်းမဟုတ်မှန်း သိလိုက်သည်။

အိမ်ရှေ့စံအရှင့်သားမှာ တကယ်ကိုပင် အမျက်ဒေါမာန် ပြင်းထန်နေပြီဖြစ်၏။

ထို့ကြောင့် ချက်ချင်းပင် မျက်ဖြူလှန်လိုက်ကာ ​စကားလမ်းကြောင်းလွှဲရန် ကြံစည်လိုက်သည်။ ထို့နောက် ဘေးတွင်ရပ်နေသော ဝူးရှီးကို ကျင်ချီးက သူနှင့်ပို၍နီးကပ်အောင် ဆွဲခေါ်ထားလိုက်ကာ အပြုံးတစ်ပွင့်နှင့်အတူ ပြောလာ၏။

အရှင်ခုနစ် Where stories live. Discover now