အပိုင်း - ၂၉ { ဇာမဏီငှက်မဟုတ်ခဲ့ဘဲ လွမ်ငှက်သာလျှင် ဖြစ်ချေသည် }

3.1K 757 149
                                    

အပိုင်း - ၂၉

( ဇာမဏီငှက်မဟုတ်ခဲ့ဘဲ
လွမ်ငှက်သာလျှင် ဖြစ်ချေသည် )

ဝူးရှီးက ဘေးနားရှိထိုယောက်ျားအား သတိကြီးစွာ အကဲခတ်ကြည့်လိုက်ကာ ကျင်ချီးအား လှမ်းမေးလိုက်၏။

"အရှင့်သားမူးနေတာမဟုတ်ဘူးလား"

"နည်းနည်း၊ ဒါပေမယ့် ဘာမှမသိလောက်အောင်တော့ မူးမနေဘူး"

ကျင်ချီးက ခပ်စုတ်စုတ်ထိုင်ခုံဟောင်းတစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလျက်ရှိသည်။ ထို့နောက် သူ့ဘေးနားတွင်ရပ်နေသော ယောက်ျားကြီးအား လက်ညှိုးညွှန်ပြလိုက်ကာ -

"ဒီတစ်ယောက်က လူကြီးမင်းလူတဲ့၊ ကျစ်ရှူးရဲ့လူ"

' လူကြီးမင်းလူ' ဆိုသူက ဝူးရှီးအား အမြန်နှုတ်ဆက်လာသည်။

"ကျွန်တော်မျိုးကိုယ်တိုင်ပဲ မိတ်ဆက်လိုက်ပါရစေ၊ နတ်ဆေးဆရာလေး။ အရှင့်သားက ကျွန်တော်မျိုးကို အမွှန်းတင်လွန်းနေတာပါ။ ဒီငယ်သားနာမည်က လူယွီ့ပါခင်ဗျာ၊ ကျွန်တော်မျိုးတို့ရဲ့ ​ေခါင်းဆောင်ကြီးအတွက် အမှုကိစ္စတစ်ချို့ဆောင်ရွက်ပေးရရုံပါ"

ဝူးရှီးက ကျင်ချီးအား ကြည့်လာ၏။ ထိုအကြည့်ထဲတွင် သံသယများရှိနေလျက်။

"ဘာတွေ ဖြစ်ခဲ့လို့လဲ"

ကျင်ချီးလည်း ပြန်လည်ဖြေဆိုလာသည်။

"လူကြီးမင်းလူ၊ ခင်ဗျား​ပြောမယ့်စကားတွေကို နားထောင်ကြည့်ရအောင်ပါ"

လူယွီ့က " ဟုတ်ကဲ့ "ဟု သဘောတူလိုက်ကာ သူတို့အား စတင်ရှင်းပြလာသည်။

"အတော်လေးတော့ ကြာခဲ့ပါပြီ၊ ခေါင်းဆောင်ကြီးက ကျွန်တော်မျိုးကို မှော်နက်ဆရာတွေအကြောင်း တိတ်တဆိတ်စုံစမ်းဖို့အတွက် အမိန့်ပေးလာခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ သိပ်မကြာခင်တုန်းကမှ သူတို့ခြေရာကို ကောက်နိုင်ခဲ့ပြီး သဲလွန်စတစ်ချို့ရလာခဲ့ပါတယ်"

"သူတို့တွေ ဘယ်မှာရှိနေတာလဲ"

ဝူးရှီး၏မျက်နှာထားက တည်ကြည်သွားသည်။ သူ၏အကြည့်များမှာ ကြမ်းတမ်းခက်ထန်ကာ စူးရှပြတ်သားနေခဲ့သည်။ ထိုအခိုက်အတန့်အတွင်းဝယ် လူယွီ့မှာ ထိုလုလင်ပျိုထံမှ အကြည့်များကို အလိုအလျောက် ရှောင်လွှဲမိလိုက်၏။

အရှင်ခုနစ် Where stories live. Discover now