"ဘယ်သူ့ကြောင့်လဲ မနက် ၃နာရီကျော်မှ အိပ်ရတယ် daddy က တော်တော် ဆိုး ပြောတော့ တစ်ကြိမ်ဆိုပြီး လူကို အရမ်းလုပ်တယ်"

ရှောင်ကျန့်ရဲ့ အဆက်မပြတ်ပြောနေ​တာလေးကို ရီပေါ်က ကြည့်က အချစ်ပိုရပြန်သည်။ ဟုတ်ပါသည်။ ဒီကောင်လေးက တစ်နေ့ထက် တနေ့ သူ့နှလုံးသားထဲမှာ နေရာယူလာသည်။

"ဘာလုပ်တာလဲ"

ရီပေါ်က မသိချင်ယောင်ဆောင်ကာ မေးလိုက်လေတော့ ရှောင်ကျန့် ပါးလေး ရဲသွားရပြန်သည်။ မျက်လုံးကို ပေကလက် ပေကလက် လုပ်ပြီး ညက အကြောင်းတွေက ဦးနှောက်ထဲတွင် အစဥ်လိုက်ပေါ် လာတော့ ရှောင်ကျန့် မျက်နှာမှာ ရဲပီးရင်း ရဲကာ နီမှည့်နေသော ခရမ်းချဥ်သီး လို ဖြစ်လာလေသည်။

ရီပေါ်က စိုက်ကြည့်နေတုန်းမို့ ရှောင်ကျန့် အိပ်ရာကနေ လျင်မြန်စွာ ထလိုက်တော့

"အ့....."

ကျောက စူးအောင့် လာတာကြောင့် အော်ညီးမိတော့ ရီပေါ်က ငေါက်ခနဲ ထလာပြီး ရှောင်ကျန့် ပုခုံးကနေ သိုင်းဖက်လိုက်ပြီး

"ဘာဖြစ်လို့လဲ ကျန့်လေး"

"ကျောက အရမ်းနာနေတယ်"

ရှောင်ကျန့်က မျက်စောင်းလေး ထိုးရင်း ပြောလိုက်တော့ ရီပေါ် ပြုံးပြီး

"ကိုယ်နှိပ်ပေးမယ်"

ဘာ....ဘယ်လို ရေခဲတုံး CEO ဝမ်က သူများကို နှိပ်ပေးမှာလား။ ဟုတ်ပါတယ် ။ အမြင်မမှားပါဘူး။

ရီပေါ်က ရှောင်ကျန့်ကိုယ်လေးကို ညင်သာစွာ ပွေ့လိုက်ပြီး သူ့ပေါင်ပေါ်ကို တင်လိုက်သည်။ ရှောင်ကျန့်က ရီပေါ့် ပေါင်ပေါ် ကျောပေးကာ ထိုင်နေ​သည်။ ရီပေါ်က သူ့လက်အကြီးကြီး တွေကို ကျန့်လေးရဲ့ ခါးသိမ်သိမ်လေးပေါ်ကို ညင်သာစွာ တင်လိုက်ပြီး နှိပ်ပေးလေသည်။

ကျိုးပဲ့သွားမည့်အလား အားကို ထိန်းကာ နှိပ်ပေးလေတော့ ရှောင်ကျန့် နာနေတာတောင် ဘယ်ပျောက်သွားမှန်းမသိ။ ရှောင်ကျန့် ရီပေါ့် ရင်ဘက်ပေါ်ကို ခေါင်းမှီချကာ မျက်လုံးလေးမှေးပြီး ဇိမ်ခံနေသည်ကို ရီပေါ် တွေ့သောအခါ သဘောကျစွာ ရယ်လိုက်ပြီး

Arr Ah Daddy (Complete)Where stories live. Discover now