Part 14(Uni +Zaw)

Start from the beginning
                                    

"ဘာကိုလဲ"

"ငါက သားကို ယူမယ် ပြင်တုန်း နင်က အဖေကို ရအောင် ယူတယ်လေ အဲ့တာကြောင့် နင်နိုင်ပါတယ်လို့"

"ဟားဟား ငါက ဘယ်နေရာမှာ မင်းကို ရှုံးဖူးလို့လဲ ရီလျှို့ မင်းစီ ရောက်သွားလို့ ငါ့ကို နိုင်တယ်လို့ ထင်ရင် မင်းမှားသွားပြီ တစ်ခါ ခြံခုန်ပြီးသား နွားက နောက်တစ်ခါ မခုန်ဘူးလို့ ဘယ်​ပြောနိုင်မလဲ"

"ရှောင်ကျန့် နင်......"

"အဲ့တာ ဘာဖြစ်နေတာလဲ"

ဒေါသသံ စွက်နေတဲ့ အသံကျယ်ကြီး တစ်ခုက ဟိန်းထွက်လာတာကြောင့် ရွယ်ယိ့ပင် ပြောလက်စ စကားတို့ ရပ်တန့်သွားရသည်။ ခြေလှမ်းကျဲဖြင့် ရှောင်ကျန့်ဘေးကို လျှောက်လှမ်းလာသူက ဧကန် ဝမ်ရီပေါ် ပါပင်။

ဝမ်ရီပေါ်က ရှောင်ကျန့်ဘေးတွင်ရပ်ကာ ရှောင်ကျန့်ခါးကို လက်တစ်ဖက်နှင့် ဖက်လိုက်ပြီး ရွယ်ယိ့ ကို စိုက်ကြည့်နေတာကြောင့် ရွယ်ယိ့ရဲ့ နောက်ကျောများပင် ချွေးရွှဲလာသလို ခံစားရသည်။

ဝမ်ရီပေါ်က အေးစက်နေတဲ့ လေသံနဲ့ ဆက်ပြောလေသည်။

"ရွယ်ယိ မင်း ရှောင်ကျန့်ကို နာမည်ခေါ်ပြီး နင်ငါ ပြောလို့ ရမဲ့သူ လို့ ထင်နေတာလား"

"ဟို.....ကျွန်မ"

ရွယ်ယိ့ ကြောက်လို့ စကားတွေ ထစ်ကာ ဒူးတွေတောင် တုန်လာသည်။ ​ရီပေါ်ကတော့ ရွယ်ယိ့ ပြောတာကို ဆက်နားမထောင်ဘဲ သူပြောချင်တာကို ဆက်ပြောလေသည်။

"မင်းက ရီလျှို့နဲ့ မကြာခင် လက်ထက်တော့မဲ့သူဘဲ အနေအထိုင် အပြောအဆို ဆင်ခြင်ပါ။ မင်းအနေနဲ့ Wang မိသားစုကို ဝင်လာချင်ရင် ရှောင်ကျန့်ကို ငါ့လိုဘဲ လေးလေးစားစား ဆက်ဆံပါ။ မဟုတ်ရင် မိဘ မစုံဘဲ လက်ထက်နေရမယ်"


ရွယ်ယိ့ ရီပေါ်ပြောသော စကားများကို နားလည်ပါသည်။ ရီလျှို့ကို လက်ထက်ရင် ရှောင်ကျန့်ကလဲ သူ့ရဲ့ ယောက္ခထီး ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့် သူမအနေနဲ့ ရှောင်ကျန့်ကို လေးလေးစားစား ဆက်ဆံရတော့မည်ဖြစ်သည်။

ရီပေါ် ဆိုလိုရင်းကိုလဲ နားလည်သည်။ သူပြောတဲ့ အတိုင်းမလုပ်ရင် သူမနဲ့ ရီလျှို့တို့ လက်ထက်ပွဲကို မတက်ဘူးဟု အဓိပ္ပါယ်သက်ရောက်သည်။ လက်ထက်ပွဲ တစ်ခုတွင် မိဘ မတက်ရောက်လျှင် လူအများ ပြောစရာ ဖြစ်လိမ့်မည်။ သဘောမတူဘဲ လက်ထက်သည်ဟု လူအများရဲ့ အထင်သေးခြင်းကို ခံရမှာ ဖြစ်တယ်။

Arr Ah Daddy (Complete)Where stories live. Discover now