" မင်းအဖေ "

အချိန်ကြာမြင့်စွာ စဉ်းစားကြည့်လိုက်ပြီးနောက် ယွီဟောက်က ဖြည်းဖြည်းချင်း ဖြေဆိုလိုက်သည်။

" အမှတ်ပြည့်ဘဲ "

ကျိုးရှန်းကမူ သိမ်မွေ့ညင်သာစွာ ပြုံးလာခဲ့ကာ ယွီဟောက်အား လက်မထောင်ပြလာခဲ့သည်။ ထိုအခိုက်အတန့် နှစ်ယောက်သားထံ၌ နှုတ်ဖြင့်ထုတ်ပြောစရာမလိုသည့် အပြန်အလှန်နားလည်မှုမျိုး တည်ရှိနေခဲ့၏။ ကျိုးရှန်း၏ ပျော်ရွှင်မှုသည်ကား သူ့အား အမှန်တကယ် နားလည်ပေးနိုင်သည့် သူငယ်ချင်းမျိုး ပိုင်ဆိုင်ရခြင်းမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပေသည်။

နွေဦးပွဲတော်ရာသီအခါသမယဝယ် လူအပေါင်းတို့မှာ ပျားပန်းခတ်မျှ ဟိုဟိုဒီဒီ ပြေးလွှားလှုပ်ရှားနေကြသည့်တိုင် ယွီဟောက်မှာတော့ အတွေးတစ်ခုတည်းသာရှိ၏ - နောက်ရက်တွေအတွင်း ငါသာအလုပ်ကို ပိုပြီးကြိုးကြိုးစားစားလုပ်လိုက်ရင် ထောင်ဂဏန်းလောက်တော့ ရအောင်ရှာနိုင်လောက်မယ်, ပုံမှန်ဆို တစ်လလုံးရှာမှ အဲ့လောက်ရနိုင်တာ

နှစ်ယောက်သားသည်ကား ပထမထပ်ရှိ ကိတ်မုန့်ဆိုင်အတွင်းတွင် ထိုင်နေခဲ့ကြသည်။ ခနနေလျှင် ချန်းယဲ့ခိုင်နှင့် ပါမောက္ခလင်းဆီသို့ လူနာသွားမေးမည်ဖြစ်သဖြင့် ကျိုးရှန်းက ကိတ်မုန့်လက်ဆောင်ဘူးကို အော်ဒါမှာယူလိုက်ပြီး ကော်ဖီတစ်ခွက်မှာကာ ယွီဟောက်ဆီသို့ ကမ်းပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သားမှာ ခနတဖြုတ်ထိုင်ကာ ကော်ဖီသောက်နေခဲ့ကြသည်။ ကျိုးရှန်းကဆိုလာခဲ့၏။

" ငါငယ်ငယ်တုန်းက မြစ်ထဲရေသွားကူးရင်း ဒါလေးကို ရွှံနွံထဲမှာကောက်တွေ့ခဲ့တာ "

ယွီဟောက်က "အင်း"ဟု တုံ့ပြန်လိုက်ပြီးသော် ရွှေရောင်အဝိုင်းကွင်းလေးဆီမှ အကြည့်များကို ကျိုးရှန်းမျက်ဝန်းများဆီသို့ လွှဲပြောင်းလိုက်သည်။

" ကျင်းဝူးစက်ဝန်းလေ "

[T/N: "金乌"ကျင်းဝူးက တရုတ်ပြည်ရဲ့ ဒဏ္ဍာရီလာသတ္တဝါ ခြေသုံးချောင်းကျီးကန်းဘဲဖြစ်ပါတယ်၊ ကျီးကန်းဆိုပေမယ့် သူ့အရောင်အဆင်းက နေလိုမျိုးအနီရောင်မလို့ "နေငှက်" သို့မဟုတ် "ရွှေကျီး" လို့လည်ခေါ်ကြပါတယ်၊ ဒီကျီးကန်းဟာ နေလုံးထဲမှာနေထိုင်တယ်လို့ ယုံကြည်ကြသတဲ့ ]

Duo Meng《夺梦》// Seizing Dreams TranslationWhere stories live. Discover now