" ဘာမေးမလို့လည်း.."

" မင်းအဖေနှစ်ယောက်ကလူမိုက်ဂိုဏ်းကလား.."

" ဘာ..ချန်ဟောင်မင်းဘာပေါက်ကရတွေမေးနေတာလည်း ငါ့အဖေနှစ်ယောက်ကအဲ့ဒါဖြစ်စရာလား.."

" သေချာတယ်နော် မဟုတ်ဘူးဆိုတာ.."

" မဟုတ်ပါဘူးကွာ..ဘာလို့မေးတာလည်း.."

" ဘာဖြစ်ရမှာလည်းကွ မင်းအဖေနှစ်ယောက်လုံးက လူသတ်တာငါအရှင်လတ်လတ်မြင်လိုက်လို့ကွ.."

" ဘာ.."²
ရှောင်ကျန့်ရောဝမ်ရိပေါ်အံ့သြသွားခဲ့တယ်..ချန်ဟောင်ကိုမဖြစ်နိုင်ဘူးဆိုတဲအကြည့်နဲ့ ပြိုင်တူကြည့်လိုက်တယ်..ချန်ဟောင်ဟာသူ့ကို မယုံသင်္ကာဖြစ်နေတဲ့နှစ်ယောက်ကြောင့် ခေါင်းရှုပ်သွားတော့တယ်..

" မင်းတို့မယုံကြည်တာငါသိတယ် ဒါပေမဲ့ငါပြောတာတစ်ကယ်ကွ ငါအကုန်ပြောပြမယ်..."
ဒီလိုနဲ့ပဲ ချန်ဟောင်ဟာဒီတစ်နှစ်အတွင်းဖြစ်သွားတာတွေကို တစ်ခုမကျန်ပြောပြတော့သည်။

ရှောင်ကျန့်တို့ကိုတိုက်တဲ့ကုန်တင်ကားဟာ သူတို့ကိုတမင်သတ်သတ်တိုက်ခဲ့တာဖြစ်တယ်..နောက်ကွယ်ကခိုင်းတဲ့သူကတော့ ကျော်ဇေထက်တို့နဲ့သက်ဆိုင်တယ်..သန့်ဇင်ထူးနဲ့သက်ဆိုင်တဲ့ဆိုရင် ပိုမှန်သည်။ သန့်ဇင်ထူးကိုကြိုက်နေသော် သူဌေးသမီးတစ်ယောက်ရှိတယ်..သူဟာသန့်ဇင်ထူးကိုရဖို့အမျိုးမျိုးလုပ်ခဲ့တယ်..

ဒါပေမဲ့သန့်ဇင်ထူးကကျော်ဇေထက်မှကျော်ဇေထက်ဖြစ်နေတာဆိုတော့ သူဘယ်လောက်မှမြူစွယ်စွယ်မအောင်မြင်ပေ။ ကျော်ဇေထက်ကိုသတ်ဖို့သူကြံစည်သေး။ ဒါပေမဲ့မအောင်မြင်ခဲ့။ ဒါ့ကြောင့်ကျော်ဇေထက်ချစ်ရတဲ့ သူ့သားရှောင်ကျန့်ကိုသတ်ဖို့လုပ်တော့တယ်..

တကယ်လို့ရှောင်ကျန့်သေရင်ကျော်ဇေထက်ဟာ ရှောင်ကျန့်ရဲ့စိတ်နဲ့အိပ်ယာထဲလှဲနေတဲ့အချိန် သူသန့်ဇင်ထူးကိုရဖို့အကြောင်းပြချက်ရပြီလို့ ကြံပြီးလုပ်ခဲ့တာဖြစ်တယ်..ကုန်တင်ကားကိုလည်းသူ(မ)ကြံခဲ့တာဖြစ်တယ်..ဒါပေမဲ့ကံဆိုးချင်တော့ သူ(မ) တွေးထားသလိုဖြစ်မလာပေ။

ရှောင်ကျန့်ဟာမသေပဲ ကိုမာဝင်ခဲ့။ ရှောင်ကျန့်ကိုမာဝင်နေတဲ့အချိန် ကျော်ဇေထက်တို့ဟာ ထိုကိစ္စကိုစုံစမ်းခဲ့တယ်..ဘယ်သူလည်းဆိုတာကိုသိသွားရော ကျော်ဇေထက်ဒေါသတွေထွက်လာခဲ့တယ်..အဲ့မိန်းကလေးကိုသူသိတာပေါ့။ သူ့ကိုဆိုအမြဲတမ်းနှောက်ယှက်နေပြီး သန့်ဇင်ထူးကိုအသေလိုချင်တဲ့သူပေါ့။

You've reached the end of published parts.

⏰ Last updated: Nov 03, 2021 ⏰

Add this story to your Library to get notified about new parts!

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now