" ကျွန်တော်ကျန့်ကျန့်နဲ့စကားပြောလို့ရမလား.."

" ရတယ်လေ ပြောပြော..သားလေးပါးပါးတို့အပြင်မှာရှိတယ်သိလား တစ်ခုခုလိုရင်ပါးပါးတို့ကိုလှမ်းခေါ်လိုက်နော်.."

" ဟုတ်... "

နှစ်ယောက်သားထွက်သွားကြတဲ့အခါ ရှောင်ကျန့်ဟာ..

" ဝမ်ရိပေါ်..ဘာတွေဒီလောက်လောနေတာလည်း မသိရင်ငါထွက်ပြေးမဲ့အတိုင်းပဲ..."

" လွမ်းလို့.."

" အပိုတွေ..ဒါနဲ့ငါတို့မေ့နေတာတစ်နှစ်ရှိပြီတဲ့.."

" အင်း.."

" ချန်ဟောင်တောင် ဆေးရုံမှာတစ်လပဲနေရပြီး ဆင်းသွားပြီတဲ့..."

" အင်း..."

" ဝမ်ရိပေါ် မင်းဘာလို့အေးဆေးဖြစ်နေရတာလည်း..."

" ကျန့်ကျန့်လေးလောက်မှ အရေးမကြီးတာ..."

"....."
ရှောင်ကျန့်တစ်ယောက်အပျိုမလေးလို ရှက်သွေးဖြာနေတော့တယ်..ရှောင်ကျန့်ဟာဝမ်ရိပေါ်ကိုစိုက်မကြည့်ရဲတာကြောင့် ဘေးဘီကိုသာကြည့်နေလေတယ်..ဝမ်ရိပေါ်ကတော့ရှောင်ကျန့်ကို အမှတ်တနိုးနဲ့ကြည့်နေလေသည်။

( အဲ့လိုကြည့်မဲ့ဘဲရှိပြီလား ဆစ်တို့ရေ..)

ခဏအကြာသူတို့ဆီကိုလူတစ်ယောက် ဒုန်းဆိုင်းဝင်လာခဲ့တယ်..ထိုသူဟာဝမ်ရိပေါ်နဲ့ရှောင်ကျန့်တို့ကိုတစ်လှည့်ဆီကြည့်ပြီး ပျော်ရွင်စွာနဲ့ရယ်မောနေတော့တယ်..ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ဟာလည်း ဝင်လာတဲ့တစ်ယောက်နဲ့အပြိုင်ရယ်မောနေတော့သည်။

ရှောင်ကျန့်ဟာအရင်ရယ်နေတာကိုရပ်လိုက်ပြီး..

" ချန်ဟောင်မတွေ့တာကြာပြီနော်.."

" အင်း...နှစ်ချီနေပြီ မင်းတို့နှစ်​ယောက်မရှိတော့ ငါအသေပျင်းနေတာကွ..."
ချန်ဟောင်ပြောရင်း ရှောင်ကျန့်ဘေးနားမှာလွတ်သော ခုန်လေးမှာဝင်ထိုင်လိုက်ပြီး..

" ငါမင်းတို့မေ့နေတဲ့ဒီတစ်နှစ်မှာ ဘာတွေဖြစ်သွားတာလည်းပြောပြမယ်...ငါအဲ့ဒါတွေမပြောခင်ရှောင်ကျန့်မင်းကိုမေးစရာရှိတယ်.."

You've reached the end of published parts.

⏰ Last updated: Nov 03, 2021 ⏰

Add this story to your Library to get notified about new parts!

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now