//Chp-17//P-1

381 103 4
                                    


ထန်မော့၏ဦးနှောဏ်မှာ
လျင်မြန်စွာအလုပ်လုပ်လိုက်ရသည်။
ထို့နောက်တွင် ဥထံမှထွက်လာသောအသံပိုင်ရှင်မှာ
ကြက်ဆင်သော်လည်းကောင်း ဥတစ်လုံးသော်လည်းကောင်း
မဖြစ်နိုင်ဟုနားလည်သွားသည်။
ထိုအစား အနက်ရောင်မျှော်စင်မှ
အခြားမွန်းစတားတစ်ကောင်လည်းဖြစ်နိုင်သည်။
သို့သော်ထိုထက်ပိုကောင်းသောဖြစ်နိုင်ချေတစ်ခုရှိသေးသည်။

"မင်းကလူလား"

တဖက်မှအမျိုးသားအသံမှာ
အတော်ကြာတိတ်ဆိတ်နေပြီးမှပြန်ဖြေလာသည်။

"ဟုတ်တယ်၊ မင်းရောလူပဲလား"

ထန်မော့လည်းပြန်ဖြေလိုက်သည်။

"အင်း"

ထို့နောက်တွင် လူနှစ်ဦးမှာ အတော်ကြာဘာမှမပြောနိုင်ပဲ တိတ်ဆိတ်နေကြသည်။

ကားတစ်စီးကလမ်းဘေးတွင်ထိုးရပ်ထားပြီး
ညနေခင်းနေရောင်ကဖြာကျလျက် ဥကမူရွှေရောင်အနည်းငယ်လင်းနေခဲ့သည်။
အလင်းရောင်နောက်ခံဖြင့် ဥပေါ်မှစာလုံးများနှင့် အမည်မသိအက္ခရာများကိုရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း အခုလောလောဆည် ထန်မော့ဂရုစိုက်သည်မှာ ဥထဲမှထွက်လာသော အမျိုးသား၏အသံကိုဖြစ်၏။

ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် တဖက်လူအားမေးခွန်းများမမေးခင်၌ သူ့ဘက်ကပင်စ၍ သတင်းအချက်အလက်တချို့ကိုေ၀မျှရန် ဆုံးဖြတ်လိုက်သည်။

သူကလက်ရှိအခြေအနေအားရှင်းပြလိုက်သည်။

"လောလောဆည်ငါ့လက်ထဲမှ
ဥတစ်လုံးကိုကိုင်ထားတာ၊
မင်းရဲ့အသံကအဲဒီဥထဲကထွက်လာတယ်၊
ဒီတော့မင်းကဥထဲမှာပိတ်မိနေတဲ့
လူတစ်ယောက်ယောက်လား"

တဖက်မှအမျိုးသားအသံမှာ မည်သံခံစားချက်မှမပါသကဲ့သို့ တပြေးတည်းတည်ငြိမ်လှသည်။

"ဥထဲမှာပိတ်မိနေတာမဟုတ်ဘူး။ ငါ့လက်ထဲမှာလည်းဥတစ်ဥကိုကိုင်ထားတယ်၊
မင်းရဲ့အသံလည်းအဲဒီကထွက်လာတာ၊ "

သူကထပ်၍ပြောလိုက်သည်။

"ဥကတော့ကြက်ဆင်ဥ"

ထန်မော့ကအနည်းငယ်တွေးတောလိုက်သည်။

"မင်းလည်းတရုတ်ပြည်ကပဲမလား အခုနားကမှအနက်ရောင်မျှော်စင်ဂိမ်းကထွက်လာတာမလား
ငါဒီဥကိုအနက်ရောင်မျှော်စင်မွန်းစတားတစ်ကောင်ဆီက ရလာတာ။
ပြီးတော့ငါ့ဥကလည်းကြက်ဆင်ဥပဲ"

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now