//Chp-1// P-2

667 113 0
                                    


"ဘုရားသခင် လာနေပြီ"

ထန်မော့"..."

ကောင်းပြီ ၊ ပျော်ရင်ပြီးတာပဲ။

ထန်မော့ အိမ်ပြန်လျှင်စီးနေကျဘတ်စ်ကားမှာ
မြို့လယ်ခေါင်ကနေအမြဲဖြတ်သွားရသည်။

ထန်မော့သည်ပြတင်းပေါက်နံဘေးနေရာတွင်
ထိုင်လျက်နားကြပ်ကိုနားထဲထိုးထည့်ကာ
သီချင်းတစ်ပုဒ်နားထောင် နေလိုက်သည်။
သို့သော်သီချင်းဆုံးချိန်၌ အနီးတွင်ရပ်နေသော ကျောင်းသူမိန်းကလေးနှစ်ဦး၏စကားသံက သူ့၏နားထဲ၀င်လာခဲ့၏။

"အနက်ရောင်မျှော်စင်ကြီးဟ၊
ငါဓာတ်ပုံရိုက်လိုက်ဦးမယ်"

"နင်ကခုထိပုံရိုက်ချင်နေတုန်းလား?
ဒါကြီးကဘာများကောင်းလို့လဲ၊
အခုဘယ်သူမှလှည့်တောင်မကြည့်ကြတော့ဘူး"

"ငါ့အွန်လိုင်းသူငယ်ချင်းတွေကိုမျှ​ေ၀မလို့လေ။
Captionက အနက်ရောင်မျှော်စင်ဆီသို့ အလည်တစ်ခေါက်ဆိုဘယ်လိုလဲ"

"နင့်ပုံကိုဘယ်သူမှစိတ်၀င်စားမှာမဟုတ်ဘူးဟဲ့။
ပြတင်းပေါက်ဘေးကအကိုကြီးကိုကြည့်စမ်း
ချောလိုက်တာ။
နင်ပုံရိုက်မယ်ဆိုအဲဒီအကိုကြီးကိုရိုက်လေ။
ဒါမှလူတွေကနင့်postကိုစိတ်၀င်စားပြီး
Likeတွေအများကြီးရမှာပေါ့။
Captionကို ဘတ်စ်ကားပေါ်က
အကိုကြီးလို့ပေးလိုက်
ဟဲ့အခုရိုက်လိုက်နော်!"

နောက်ထပ်သီချင်းတစ်ပုဒ်ကထပ်မံပွင့်လာပြီး
စကားသံတို့ကိုဖုံးလွှမ်းသွားခဲ့သည်။
ထန်မော့သည် ညာဘက်လက်ကိုမြှောက်ကာ
သူ့မျက်နှာကိုကွယ်လိုက်ပြီး
ပြတင်းပေါက်အပြင်ဘက်ရှိ
အနက်ရောင်မျှော်စင်ကိုသာ ကြည့်လိုက်တော့သည်။ ကျောင်းသူမိန်းကလေးနှစ်ဦးကိုမူ ဂရုမစိုက်တော့ပေ။

သူ၏မျက်လုံးများကိုပင့်လျက်
စုကျိုးမြို့အပေါ်တွင် တွဲလွဲခိုနေသော
မျှော်စင်အနက်ရောင်ကြီးအား
သေချာ ကြည့်လိုက်မိလေသည်။

အနက်ရောင်မျှော်စင်ကြီးသည် မြို့လည်ခေါင်ရှိ မြင့်မားသောအဆောက်အအုံများအပေါ်၌
၀ဲပျံလျက်တည်ရှိသည်။
မျှော်စင်မှာ သုံးမြှောင့်တုံးပုံစံ တစ်နည်းအားဖြင့်
အီဂျစ်ခေတ်မှ ပိရမစ်၏ပုံစံပင်ဖြစ်သည်။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now