//Chp-3//P-1

430 103 4
                                    

အနက်ရောင်မျှော်စင်နှင့်ပါတ်သတ်သော
အယူအဆများကိုမယုံကြည်ကြသည့်
လူအုပ်စုလည်းသက်သက်ရှိသည်။
ထိုသူတို့ကမူ မည်သည်ကိုမှ၀င်မပါပဲ
တိတ်တဆိတ်ဘေးထွက်ထိုင်နေကြ၏။
၄င်းတို့ယုံကြည်သည်က အနက်ရောင်မျှော်စင်များသည် အစိုးရ၏
ကြီးမားသောသုတေသနလုပ်ငန်းစဉ်တစ်ခုခုမှ
ရလဒ်သာဖြစ်ပြီး
သူတို့ကိုအန္တရာယ်ဖြစ်စေမည်မဟုတ်ဟု။

အစိုးရကပြည်သူများကိုထိခိုက်အောင်
မလုပ်နိုင်ဟု ခံယူထားသူများပင်။ အကယ်၍တစ်စုံတစ်ခုဖြစ်ခဲ့လျှင်တောင်မှ
၄င်းတို့၏ခေါင်းဆောင်များရှိနေသ၍
ကောင်းကင်ကြီးပြိုကျလျှင်တောင်
ဘာကိုမှ ကြောက်စရာမလို ဟူသောလူများဖြစ်သည်။

အနက်ရောင်မျှော်စင်ကိုယုံကြည်သူများကမူ
သုံးရက်မြောက်နေ့၌ပင် ဆောက်တည်ရာမရ
ဖြစ်ကုန်ကြ​ချေပြီ။

"ဘာဂိမ်းလဲ ဘာရှုံးထွက်ပွဲစဉ်လဲ
ဖြေရှင်းချက်ထုတ်ပေး"

"အတည်ပြုချက်ထုတ်ပေးပါ၊ ဖြေရှင်းချက်ပေး"

"ဒီဟာနဲ့ပါတ်သတ်ပြီးဖြေရှင်းချက်လိုတယ်"

လူတွေကိုတဖြည်းဖြည်းပိုစုမိလာကာ
စုကျိုးမြို့လည်ခေါင်တွင်
လူအုပ်ကြီးအဖြစ် တိုးကြိတ်နေကြသည်။
ရုန်းရင်းဆန်ခတ်အခြေအနေကို
အခွင့်ကောင်းယူလို၍ ၀င်တိုးသူများလည်းရှိမည်။
ရဲများက တားဆီးနေသော်လည်း
လူအုပ်ကြီးသည်ကိုအခွင့်ကောင်းယူကာ
ပြန်မဆုတ်ကြပေ။
အနက်ရောင်မျှော်စင်တ၀ိုက်တားထားသော
အဖြူရောင်ကြိုးများကိုပင် ဖျက်ဆီးပစ်ကြသည်။

ထို့အပြင်အလားတူရုန်းရင်းဆန်ခတ်မှုများမှာ
ကမ္ဘာအနှံ့တွင်ဖြစ်ပေါ်လျက်ရှိသည်။

တရုတ်ပြည်ကအမှန်တကယ်ပင်ကောင်းမွန်ခဲ့သည်။
အနက်ရောင်မျှော်စင်များထံမှ
အသံထွက်မလာခင်အထိ
နိုင်ငံတွင်းအလွန်ငြိမ်၀ပ်ပိပြားကာ
လူထုကိုကောင်းစွာထိန်းသိမ်းနိုင်ခဲ့သေးသည်။
ယခုမူ တချို့သောအစိုးရ၏
ခုခံကာကွယ်မှုအားနည်းသော ဒေသငယ်များတွင် အနက်ရောင်မျှော်စင်အားဆန့်ကျင် သူများက ပုန်ကန်ထကြွမှုများအဆက်မပြတ်ဖြစ်ပေါ်ကုန်ကာ
အရာရှိများမှာပင်ထွက်ပြေးကုန်ကြသည်အထိ။

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Donde viven las historias. Descúbrelo ahora