//Chp-5//P-2

335 104 2
                                    


ထန်မော့ကအမှောင်ထဲကိုကြည့်နေဆဲပင်။
ထို့နောက်သူကပြုံးလိုက်ကာ
"ခင်ဗျားရဲ့ စာကြည့်တိုက်ကဒ်က
တစ်နှစ်ပဲခံတော့မှာ၊
ဒါပေမယ့်အခုအခြေအနေကိုကြည့်ရတာတော့
လိုတော့မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း
ခင်ဗျား တတိယထပ်ကဘာသာရေးစာအုပ်တွေ အကုန်မဖတ်ခဲ့ရတာနှမြောစရာအကောင်းသားနော်"

"ငါနှစ်ရက်အတွင်းတောင်အပြီးဖတ်နိုင်တယ်"

"နှမြောစရာပဲ"

ထို့နောက် လူနှစ်ယောက်ကြား
ထပ်မံတိတ်ဆိတ်သွားခဲ့သည်။

အတော်လေးကြာပြီးမှ ကိုငကြောင်ထံမှ
အသံထပ်ထွက်လာသည်။
"မင်းငါ့နောက်ကွယ်မှာ ငါ့ကိုငကြောင်လို့
ခေါ်နေတာငါသိပါတယ်။
ဒီကမ္ဘာကြီးပေါ်မှာ သိပ္ပံနည်းကျရှင်းပြလို့မရတဲ့
ထူးဆန်တာတွေတပုံကြီးပဲ။ မင်းကငါရူးနေတယ်ထင်ပြီး ငါပြောတာတွေကိုမယုံခဲ့ဘူးမလား
ဒါပေမယ့်အခုငါတို့ကြုံနေရတာတွေကိုပဲ
ပြန်ကြည့်ကြည့်
သိပ္ပံနည်းလမ်းကျရဲ့လား"

ထန်မော့က ခဏမျှတိတ်ဆိတ်နေခဲ့ပြီး
"မထင်ပါဘူး"

ကိုငကြောင်ကခေါင်းငြိမ့်လျက်
"ဟုတ်တယ်မလား
ဘုရားသခင်တကယ်ရောက်လာပြီ။
ဘုရားသခင်ရဲ့ခေတ်သစ်တစ်ခု
တကယ်ရောက်လာခဲ့ပြီ။
ငါတို့ရဲ့ ပရောဟိတ်တွေ၊ ဘုန်းတော်ကြီးတွေက
ငါတို့ကိုမစွန့်ပစ်ခဲ့ကြဘူး။ ကမ္ဘာကြီးကိုရောက်လာတဲ့ အနက်ရောင်မျှော်စင်တွေက ဘုရားသခင်ရဲ့ တမန်တော်တွေပဲ။
မင်းနဲ့ငါနဲ့ကရွေးချယ်ခံလိုက်ရတာ။
ဂျီးဆပ်(Jesus) ခေတ်ရော၊ ဗုဒ္ဓခေတ်ရောကုန်ခဲ့ပြီ။
အခုအနတ်ရောင်မျှော်စင်ခေတ်ပဲ။
ငါတို့မှာ တမန်တော်ဆယ့်နှစ်ယောက်ထဲက
နှစ်ယောက်ဖြစ်လာခွင့်ရဖို့ အခွင့်အရေးရှိနေပြီ။
ပြီးရင်ငါတို့ ဘုရားသခင်ရဲ့ကြင်နာမှုကိုခံစားရမှာ"

ထန်မော့ကပြုံးလိုက်ကာ"ဟုတ်လား ဒါပေမယ့် ခင်ဗျားဘာလို့ကြောက်နေတဲ့ပုံပေါက်နေရတာလဲ"

ကိုငကြောင် "..."

သူတိူ့ကသေခြင်းတရားအကြောင်းပြောနေခဲ့ကြတာ။

အကယ်၍ ကိုငကြောင်ကသာ
အနက်ရောင်မျှော်စင်ဟာ
ဘုရင်သခင်လို့ယုံကြည်တယ်ဆိုရင်
ဘာလို့တက်ကြွမနေပဲ ကြောက်နေရတာလဲ

ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ [The Black Tower]Where stories live. Discover now