ဒါပေမဲ့ ဒီ ကလေးအကြည့်ကို မြင်တော့ ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကိုယ်တို့ အတူဘဲ သွားစားမှာပါ။ မင်းလေးကို ထားမသွားပါဘူး။ ဘာလဲ ကိုယ်လက်ကို ဆက်ပြီး တွဲထားချင်လို့လား"

ရီပေါ်က နောက်သံပါသော လေသံနဲ့ စလိုက်သည်။ထိုစကားကြားတော့ ရှောင်ကျန့်ရှက်သွားဟန် မျက်နှာလေးရဲသွားသည်။ ခေါင်းလေးကို အောက်ကို ငုံ့ပြီး

"မဟုတ်ပါဘူး"

ခပ်တိုးတိုးဘဲ ပြန်ဖြေလိုက်သည်။ ရီပေါ်ကတော့ အသံထွက်ရယ်ကာ ရှောင်ကျန့်လက်ကောက်ဝတ်လေးကို ခပ်ဖွဖွ ကိုင်ပြီး ခေါ်သွားသည်။ ကြမ်းကြမ်းမကိုင်ရဲပါ။ ထိုနူးညံ့ပြီး သေးသွယ်တဲ့ လက်ကလေး နာသွားမှာ စိုးပါသည်။


သူတို့ ထိုင်ခုံရောက်တော့ ​ရီပေါ်က ရှောင်ကျန့်လက်ကို လွှတ်ပေးလိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်ခုံမှာ နေရာယူလိုက်သည်။ ရီပေါ်က သူ့လက်ကို သူငုံ့ကြည့်မိသည်။ သူ့လက်ပေါ်တွင် နွေးထွေးမှုနှင့် နူးညံ့မှုတို့ ကျန်ခဲ့သယောင်။ ထိုလက်ကလေးကို မလွှတ်ပေးချင်ပါ။

သူတို့ကို ဟင်းပွဲတွေ လာချပေးတဲ့အချိန် ရီလျှို့နဲ့ ရွယ်ယိ့တို့ လက်ချင်းတွဲကာ ရောက်လာသည်။ ရီလျှို့က ရှောင်ကျန့်ကို တစ်ချက်ကြည့်ပြီးမှ သူ့အဖေကို ကြည့်ကာ

"အဖေ သားတို့ရော အတူလာစားလို့ ရမလား"

"ရတယ် "

ရီပေါ်က နှစ်လုံးဘဲ ပြောကာ ဘာစကားမှ ထပ်မပြောတော့ပေ။ ရီလျှို့ကလဲ သူ့အဖေအကြောင်းသိသည်မို့ ဘာမှ မပြောတော့ဘဲ ထိုင်ရန်လုပ်သည်။ ရွယ်ယိ့က ရှောင်ကျန့်ဘေးခုံမှာ ထိုင်ရန်ပြင်ပြီး ရီလျှို့က သူ့အဖေဘေးမှာ ထိုင်ရန်ပြင်သည်။ ထိုအချိန် ရှောင်ကျန့်မှ စကားထပြောသည်။

"ဟို ကျွန်တော် လူကြီးရဲ့ ဘေးမှာ ထိုင်လို့ရမလား"

ရှောင်ကျန့်စကားသံကို ကြားတော့ ရီပေါ်က မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လာသည်။ ထိုင်ရန်ပြင်နေသော ရွယ်ယိ့နဲ့ ရီလျှို့မှာလဲ ထိုင်အံ့ဆဲဆဲမှာပင် လေထဲမှာ ရပ်သွားကြသည်။ ရွယ်ယိ့က ရှောင်ကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်တယ်။ သူမတောင် CEO ဝမ်ရီပေါ်ကို စကားစမပြောရဲပေ။ ရီလျှို့ကလဲ ထို့နည်းတူ ရှောင်ကျန့်ကို မယုံနိုင်စွာ ကြည့်နေသည်။ သူက အဖေနဲ့ အဲ့လောက်တောင် ရင်းနှီးနေပြီလား။ တစ်ချိန်ထဲမှာ ပင် ရီပေါ် ပြန်ဖြေသံကို ကြားလိုက်ရသည်။

Arr Ah Daddy (Complete)Where stories live. Discover now