ထိုအချိန် သူ့လက်ကို လာကိုင်တဲ့ လက်တစ်စုံကြောင့် အတွေးအားလုံးကို ရပ်ပစ်လိုက်သည်။ ထိုသူမှာ ရွယ်ယိ့ပါပင်။

ရီလျှို့မှာ သူ့ဘာသာသူပြန်တွေးမိသည်။ သူမက သူအခု ရွေးချယ်ထားတဲ့သူဘဲ။ ရှောင်ကျန့်က သူထားရစ်ခဲ့တဲ့ အတိတ်ပင်။ အနာဂတ်ကို သူမနဲ့အတူ လျှောက်လှမ်းဖို့ ရွေးချယ်ပြီးကာမှ နောက်ပြန်လှည့်လို့ မရနိုင်တော့ပေ။ အဲ့ဒါကြောင့် အတွေးအားလုံး ရပ်တန့်ကာ ရွယ်ယိ့ဘက်လှည့်ပြီး ဂရုစိုက်ပေးလိုက်လေသည်။


ရှောင်ကျန့်က ရီလျှို့နဲ့ ရွယ်ယိ့တို့ကို မြင်ပေမဲ့ အကြည့်တစ်ချက်ထက် ပိုမပေးခဲ့ပေ။ နှစ်ကြိမ်ပြန် ကြည့်ရလောက်အောင်ထိ မထိုက်တန်သောကြောင့် ဖြစ်သည်။

ထိုအချိန် ရီပေါ်က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ရှောင်ကျန့်ဘက်လှည့်ကာ

"ရှောင်ကျန့် ဗိုက်ဆာပြီလား ကိုယ်တို့ တစ်ခုခု သွားစားရအောင်"

"ဟုတ်ကဲ့"

ထိုအခါ ရီပေါ်က အရှေ့ကနေ ထွက်သွားတော့ ရှောင်ကျန့်က ရီပေါ်ရဲ့ အကျိ်နောက်ကျောကို လက်ဖြင့် လှမ်းဆွဲလိုက်လေသည်။ ရီပေါ်က ရှောင်ကျန့်ကို နောက်ပြန် လှည့်တော့ မျက်ဝန်းနှစ်စုံ အကြည့်စုံသွားကြလေသည်။ ရှောင်ကျန့်က အသနားခံသော မျက်လုံးလေးနဲ့ ရီပေါ့်  ကို ကြည့်သည်။ ရီပေါ်လဲ ဒီကောင်လေး သူ့ကို ဘာလို့ ဒီလိုကြည့်လာမှန်း နားမလည်ပါ။ သူတို့အခု ညစာ အတူသွားစားမလို့ မဟုတ်လား။

"ကျွန်တော်တို့ အတူစားမယ်လေ ကျွန်တော့်ကို တစ်ယောက်ထဲ ထားခဲ့မလို့လား"

ထိုအခါမှ ရီပေါ် နားလည်သွားသည်။ သူရှေ့က ထွက်သွားခြင်းကို ဒီကလေးက သူ့ကို ထားခဲ့ပြီ လို့ ထင်သွားတာ မဟုတ်ပါလား။ ရီပေါ်က ရှောင်ကျန့်လက်ကို ဆက်ပြီး တွဲသွားဖို့ မသင့်တော်ဘူး ထင်တာကြောင့် လက်ကို လွှတ်လိုက်ခြင်းဖြစ်သည်။ လူအများအမြင်ကို သူက ဂရုမစိုက်ပေမဲ့ ရှောင်ကျန့်ကတော့ မတူပေ။ သူက အသက်ငယ်တဲ့ ကောင်လေးပင်။သူ့လို ချမ်းသာတဲ့ အသက်ကြီးတဲ့ လူတစ်ယောက် ဘေးမှာ နေရင် ထိုကောင်လေးကို လူအများက ကဲ့ရဲ့ကြလိမ့်မည်။ ချမ်းသာလို့ ကပ်တယ်ဆိုပြီး။ ဖြူစင်လွန်းတဲ့ ကလေးကို အဲ့လိုမျိုးတွေ အထင်မခံရစေချင်ပါ။

Arr Ah Daddy (Complete)Where stories live. Discover now