ရွှီချင်းနျို့က ဒေါသတွေ ထွက်လာရပြီး လှောင်ရယ်သည် "သူက အနုပညာလောကထဲမှာ ဆိုပေမယ့် မင်းကျတော့ မဟုတ်ဘူးလေ သူ့ဘာသာ ဂဏာမငြိမ်ပဲ စပြီး အီစီကလီလုပ်လာတာဆိုပေမဲ့ မင်းလည်း ကျေနပ်နေတယ် မလား ဒါကိုတောင် မိတ်ဆွေလို့ ခေါ်ရဲသေးတယ်ပေါ့ ကောင်းပြီလေ အဲ့ဒါဆို ငါလည်း အနုပညာလောကထဲ မိတ်ဆွေတစ်ယောက် ရှာလာပြမယ်"

မိုင့်ယောင်သည် ဘာရယ်မဟုတ်သော အညုအတုတွေကို သဘောကျသော်ငြား ဘဝတွင် ဘာက ပိုအရေးကြီးမှန်းတော့ သိသည်။ ပိုင်းဖန်အပေါ် ဘာသဘောမှ မရှိပါချေ။ ပိုင်းဖန်အတွက်လောက်နှင့် ရွှီချင်းနျို့အား ဒေါသထွက်စေဖို့ မတန်။ သို့ဖြစ်ရာ တဖြည်းဖြည်း ပိုင်ဖန်းကို ရှောင်လာတော့သည်။

ပိုင်ဖန်းက စိတ်ဆိုးကာ ရွှီချင်းနျို့ကို ကန်ထုတ်၍ သူနှင့် လာတွဲရန် မိုင့်ယောင်ကို ဖွင့်ပြောသည်။ စကားထဲတွင် ရွှီချင်းနျို့အပေါ် မလိုမုန်းထားမှုများက အတိုင်းသားပင်။ မိုင့်ယောင်လည်း ထိုစကားများကြောင့် စိတ်ဆိုးသွားကာ ထိုနေ့မှစပြီး ပိုင်ဖန်းနှင့် အဆက်အဆံကလည်း လျော့ပါးသွားရလျက် ပိုရှောင်လာတော့သည်။

ပိုင်ဖန်းကား မဟုတ်မမှန် လုပ်မည့်သူပဲ ဖြစ်သည်။ ရွှီချင်းနျို့သည် တစ်ဖက်လူ၏ မြူဆွယ်နိုင်စွမ်းရည် ပြည့်ဝသော မျက်လုံးများကို ကြည့်ကာ စိတ်မချ။ ထိုသို့ဖြင့် မိုင့်ယောင်သည် ပိုင်ဖန်းနှင့် အဆက်အသွယ်လုံးဝဖြတ်လိုက်ကာ ဆိုလေသည် "သူ ဘယ်သူနဲ့ပဲ မိတ်ဆွေဖြစ်ချင်ချင် ငါ လိုက်ထိန်းချုပ်လို့ မရဘူး"

ရွှီချင်းနျို့ကမူ အလွန်ပျော်မြူးသွားခဲ့ရလေသည်။

ကံဆိုးစွာပင် သူ၏ ပျော်ရွှင်မှုလေးက အချိန်မရှည်ကြာခဲ့ပေ။ လွန်ခဲ့သော ခြောက်လတုန်းက မိုင့်ယောင်ကုမ္ပဏီမှ ကော်ဖီဘရန်းတစ်ခုကို ကြေညာပေးရန် ပိုင်ဖန်းကို ငှားခဲ့လေရာ နှစ်ယောက်သား အလုပ်ကိစ္စဖြင့် မကြာခဏတွေ့ကြရတော့သည်။

မိုင့်ယောင်၏ ဖုန်းကောစာရင်းမှတော့ လွန်ခဲ့သည့် နှစ်လအတွင်း ထိုနှစ်ယောက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်မျှ ဖုန်းပြောထားကြကြောင်း တွေ့ရသည်။

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now