( ၁ )

17.1K 813 12
                                    

( Unicode )

အခန်း ( ၁ )

မနက်သုံးနာရီခွဲတွင် ရွှီချင်းနျို့တစ်ယောက် နိုးနေလေသည်။

ဘေးတွင် လှဲနေသော မိုင့်ယောင်ကမူ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေ၏။ ယနေ့ကား ၁၅ ရက်နေ့ ဖြစ်ချေသည်။ ရွှီချင်းနျို့မှ လိုက်ကာများဖွင့်ထားခဲ့ရာ လရောင်ဖြူသည် အခန်းထဲ စိမ့်ဝင်လျက် မိုင့်ယောင်ပေါ် ဖြာကျကာ တွန့်ကောက်နေသော မျက်တောင်များကို ရွှေရောင်နုနု ခြယ်လွှမ်းထားသည့်နှယ် ရှိနေသည်။ သူ့ ပါးစပ်မှာ အနည်းငယ် ပွင့်ဟနေကာ တည်ငြိမ်အေးချမ်းပုံ ပေါက်နေလေသည်။ နေ့ပိုင်းမှ တက်ကြွပုံမျိုး မရှိသောကြောင့် ယခုပုံစံလေးသည် အသက်ပိုငယ်သွားသယောင်ပင်။

ထိုသွင်ပြင်သည် ကောလိပ်ပထမနှစ်တွင် မိုင့်ယောင်နှင့် သူ စတွေ့သည့် အချိန်ကို သတိရမိသွားစေသည်။

၎င်းက နေသာသော နေ့လည်ခင်းလေး ဖြစ်သည်။ ကန်တင်းတွင် နေ့လည်စာစားပြီးသော် စာကြည့်တိုက်ထဲတွင် စာအုပ်မေ့ကျန်နေခဲ့မှန်း ရွှီချင်းနျို့ သတိရသွားခဲ့သည်။ ပြန်သွားယူရာ မထင်မှတ်ထားမိစွာပင် မိုင့်ယောင်အား ခုံပေါ် မျက်နှာအပ်လျက် လူမဲ့သော စာကြည့်တိုက်အတွင်း အိပ်မောကျနေကြောင်း မြင်လိုက်ရသည်။

မိုင့်ယောင်၏ ခန္ဓာကိုယ်အား ရွှေရောင်အလင်းတန်းလေးက လွှမ်းခြုံထားကာ ဆောင်းဦးလေပြေဖျော့ဖျော့လည်း တိုက်ခတ်နေခဲ့သဖြင့် ဆံပင်များနှင့် စာအုပ်ရှိ စာမျက်နှာများပါ ခပ်ဖွဖွရွေ့လျားနေခဲ့သည်။ မိုင့်ယောင်၏ ပုံရိပ်မှာ ဇာတ်ဝင်ခန်းတစ်ခုနှယ် လှပလွန်းသဖြင့် မျက်တောင်ခတ်ဖို့တောင် သူ မဝံ့ရဲခဲ့။

ဲအချက်ပေးခေါင်းလောင်းသံ ရုတ်တရက်ပေါ်ထွက်လာမှသာ ရွှီချင်းနျို့ သတိပြန်ကပ်လာပြီး မိုင့်ယောင်လည်း နိုးသွားတော့သည်။

မိုင့်ယောင်သည် တမဟုတ်ချင်း ထထိုင်၍ အိပ်ချင်မူးတူးဖြင့် သူ ဘယ်ရောက်နေမှန်း မသိသလို ဟိုသည်လျှောက်ကြည့်နေပြီးနောက် ရွှီချင်းနျို့အား မြင်သော် ကြောင်စီစီဖြစ်သွားခဲ့လေသည်။ ခဏကြာမှ မျက်လုံးများ လင်းဖြာသွားကာ မျက်တောင်နှစ်ချက်ပုတ်၍ တောက်ပစွာ ပြုံးပြလျက် ရွှီချင်းနျို့ထံ လက်ကမ်းပေးလာခဲ့သည် "ဟိုင်း!"

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now