ရီလျှို့က သူဒီည အိမ်ပြန် နောက်ကျမည်ဖြစ်ကြောင်း မက်ဆေ့ ပို့လိုက်လေသည်။ အပြင်မှာတော့ ညမအိပ်ရဲပါ။သူ့ အဖေကအရမ်း ကြောက်ဖို့ ကောင်းသလို စည်းကမ်းလဲ ကြီးသည်။ သူငယ်ငယ်လေးထဲက အမေနဲ့သာ ရင်းနှီးသည်။ အဖေနဲ့ စိမ်းသည်။ စကားတစ်ခွန်းထက် ပို မပြောခဲ့ပေ။ ဒါပေမဲ့ အဖေတာဝန်တော့ ကျေအောင် ဆောင်ရွက်ပေးပါသည်။

ဝမ်ရီပေါ်က အိမ်ပြန်ရောက်နှင့် နေလေပြီ။ ရီလျှို့ မက်ဆေ့ကို ကြည့်ပြီး ဖုန်းကို ပိတ်လိုက်သည်။ သူက သူ့သားကို ထမင်းစားဝိုင်းမှာ စောင့်နေတာ့ဖြစ်တယ်။ နာရီ ကြည့်လိုက်တော့ ၈နာရီတောင် ခွဲ နေလေပြီ။ သူ့တူနဲ့ အေးစက်နေသော ဟင်းတွေကို နှိုက်ကာ စားနေတုန်း အိမ်ထဲက ထမင်းချက် အဒေါ်ကြီးစု ထွက်လာပြီး 

"သူဋေးကြီး ဟင်းတွေ ပြန်နွေးပေးရမလား"

"ရတယ်"

ဒေါ်ကြီးစုက သူ့ရဲ့ ဆုံးသွားတဲ့ဇနီးနဲ့ အတူပါလာတဲ့ ထမင်းချက် အဒေါ်ကြီး ဖြစ်သည်။ သူ့ဇနီးက နှလုံးရောဂါနဲ့ ရီလျှို့ အသက် ၇နှစ် ထဲက ဆုံးသွားတာဖြစ်တယ်။ သူဋေးမဆုံးပြီးသွားတဲ့ နောက်ပိုင်း ရီလျှို့က ဒေါ်ကြီးစု လက်အောက်မှာဘဲ ကြီးပြင်းလာခဲ့သည်။

ဒေါ်ကြီးစုလဲ သူဋေးကြီးကို စကားတစ်ခွန်းထက် ပို မပြောရဲတာကြောင့်ခေါင်းငုံ့ကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။ ရီပေါ်က စားပွဲပေါ်က ပုစွန်ဟင်းကို မထိဘဲ တခြားဟင်းများကိုသာ စားပြီး အပေါ်ကို တက်သွားလေသည်။

.
.
.
.
.
.
.
.
.

မနက်ခင်း နေရောင်ခြည် ဖြာဖြာအောက်မှာ ရှောင်ကျန့်တစ်ယောက် လမ်းလျှောက်ကာ ကျောင်းသွားလိုက်သည်။ ဘေးမှ ကားအမဲ တစ်စီးဖြတ်သွားသည်။ ထိုကားကတော့ ရီလျှို့နဲ့ ရွယ်ယိ့တို့ ကားပါ။ ရီလျှို့က ကားမှန် အပြင်ကနေ ရှောင်ကျန့် ခြေထော့နဲထော့နဲ  နဲ့ လမ်းလျှောက်တာ မြင်တော့ စိတ်မကောင်းပေ။ ဒီအရာ အားလူံးကို မြင်ရသော ရွယ်ယိ့က စိတ်ထဲကနေ ကျိန်ဆဲနေသည်။ အပြင်တွင်တော့ ပြုံးကာ ရီလျှို့ပုခုံးပေါ် ခေါင်းမှီ ချလိုက်ပြီး

"အင့်.......ခေါင်းနဲနဲ မူးလာလို့ အချစ်ရယ်"

"ဆေးခန်းသွားဖို့ လိုလား ရွယ်အာ"

Arr Ah Daddy (Complete)Donde viven las historias. Descúbrelo ahora