EP-9

476 66 15
                                    

[ Unicode ]

မြို့စွန်မြို့ဖျားကဆေးရုံအိုကြီးတစ်ခုထဲတွင်အခန်းတစ်ခန်းကတော့သစ်လွင်တောက်ပြောင်နေသည်။ထိုအခန်းအတွင်းရှိကုတင်ပေါ်တွင်အောက်စီဂျင်ပိုက်တပ်ထားတဲ့လူနာတစ်ဦးကတော့လူသေတစ်ယောက်လိုငြိမ်သက်စွာလဲလျောင်းနေသည်....။

" တောင်းပန်ပါတယ် ဒီလိုနေရာမှာတစ်ယောက်တည်းထားထားရတဲ့အတွက်...ကျေးဇူးပြုပြီး အမြန်ပြန်ထလာပေးနိုင်မလား?အကို..."

.......

ရုံးကအပြန်ကုန်တိုက်တစ်ခုမှာသစ်သီးတစ်မျိုးစီကိုကိုင်လိုက်ပြန်ချလိုက်နှင့်အလုပ်ရှုပ်နေသောသူ ။အမေ့အကြိုက်ဆိုပေမယ့်မတည့်တာကျွေးလို့ကတော့မဖြစ် သူ့မှာဒီအမေတစ်ယောက်ပဲရှိတော့သည်မလား။သူ့အကြိုက်မပါရင်ဂျီကျနေအုံးမယ့်အမေ့ပုံစံကိုတွေးမိပြီးသူပြုံးလိုက်မိသည်။

သစ်သီးရွေးနေတုန်းသူ့မျက်စိထောင့်ကနေဖြတ်လျှောက်သွားသောမိန်းကလေး...
ဘာရယ်မှန်းမသိပေမယ့်ရင်ခုန်သွားလို့ကြည့်လိုက်ပေမယ့်သူမကိုမတွေ့တော့...။ကိုယ့်အသိတစ်ယောက်လိုပဲ...

ဟူး....ငါဘာတွေဖြစ်နေတာပါလိမ့် ။

နှစ်ကြာရှည်မှပြန်ခုန်လာသောနှလုံးသားကသူ့ပိုင်ရှင်ကိုတွေ့လို့များလား။

ချွဲဟာရင်း...။
မင်ဆောယွန်း...။
ဘာလို့သူချစ်တဲ့လူတိုင်းကသေသွားရတာလဲ...အဖြေရှာကြည့်မယ်ဆိုရင်အဓိကတရားခံကသူကိုယ်တိုင်ပဲမလား...။
မင်ယွန်းဂီကိုအမြင်ကပ်လို့သူ့အပြစ်ပုံချခဲ့ပေမယ့်သေချာတွေးလိုက်ရင်ကိုယ်တိုင်ဖျက်ဆီးခဲ့တာမလား...။
အခုတော့...အဓိပ္ပါယ်မရှိတဲ့လောကကြီးထဲမှာ သူတစ်ယောက်တည်းကျန်နေခဲ့ရပြီ။

အမေ့ဆီကိုဝင်ပြီးတိုက်ခန်းကိုပဲပြန်လာလိုက်တော့သည်။ဟိုမိန်းမရှိတဲ့အိမ်ကိုမပြန်ချင်ဘူး....ပြန်လည်းရန်ဖြစ်နေမှာခြင်းအတူ ကိုယ်တစ်ယောက်တည်းနေရတာပိုသက်တောင့်သက်သာရှိတယ်။

လျှို့ဝှက်နံပါတ်နှိပ်လိုက်တော့ပွင့်လာတဲ့အခန်းတံခါးအနောက်မှာကြိုမယ့်လူမရှိပေမယ့်လည်းအေးချမ်းတယ်။အရင်လိုမရှုပ်ချင်တော့ဘူး....ဘယ်အရာတွေကပြောင်းလဲစေခဲ့လဲမသိပေမယ့်နှလုံးသားကိုကအဲ့လိုတွေလုပ်ဖို့တွန်းအားမပေးတော့ဘူး။တစ်ယောက်ယောက်ကိုစောင့်နေသလိုမျိုးနေခဲ့တာ...ဘာဖြစ်လို့ပါလိမ့်။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Tahanan ng mga kuwento. Tumuklas ngayon