EP-11

553 72 13
                                    

[Unicode]

စိတ်နဲ့လူမကပ်သောမယ်ရီ့ကြောင့် မင်ယွန်းဂီရဲ့ဇာပနကိုအကျဥ်းရုံးပဲလုပ်လိုက်ကြသည်။ သူမကတော့အလောင်းဘေးနားကနေမထတာမီးသဂြိုလ်မတိုင်ခင်အထိပဲ... ။
ရည်အနည်းငယ်လောက်ကြာတော့သူမမဟုတ်တော့တဲ့အတိုင်းသွားလာနေတော့လည်းသူတောင်မယုံနိုင်ဖြစ်ရသည်။

ဆောယွန်းဆိုတဲ့မိန်းကလေးကအရမ်းအားနည်းတဲ့မိန်းကလေးရယ်ပါ..။ သူမကိုခက်ထန်မာကြောအောင်လုပ်လိုက်ကြတဲ့ကံကြမ္မာကြောင့်သာမဟုတ်ရင် အရမ်းကိုပျော်ရွှင်နေတဲ့သူမဘဝလေးကိုမြင်နိုင်မှာပါ... ။ အခုတော့လည်းသိပ်နှမျောဖို့ကောင်းလွန်းတယ် ။

သူဆေးရုံကဂျူတီပြီးတာနဲ့ ဆောမိဘတွေဆီကိုခဏဝင်တွေ့ပြီးအပြန် ဆောကြိုက်တတ်တဲ့မုန့်လေးတွေဝယ်ကာ အိမ်တန်းပြန်လာခဲ့သည်။

သူဒီနေ့နောက်မကျပါဘဲနဲ့အိမ်ကတစ်အိမ်လုံးမှောင်မည်းနေသည်။ မီးပျက်တာမျိုးလည်းမရှိတာကြောင့်သူမတစ်ခုခုများဖြစ်ပြီလားအတွေးနဲ့အထုပ်တွေချကာအိပ်ခန်းဆီအပြေးသွားမိတော့... ကုတင်ထက်မှာနှင်းဆီပန်းပွင့်များပျံ့ကြဲနေသောသူမ ၊ မီးအရောင်မှိန်မှိန်လေးအောက်မှာတောင်သူမအဝတ်တွေပါးလွှာနေတာကိုမြင်နိုင်သည်။ သူရင်တွေခုန်သွားပေမယ့် သူမတစ်ခုခုများဖြစ်နေတာလားဟုပိုစိတ်ပူမိသည်။

" မယ်ရီ... "

" အော် ကိုတောင်ပြန်လာပြီပဲ "

" အခုက? "

" မယ်ရီတို့ပတ်သတ်လာတဲ့ကာလတစ်လျှောက်တခါမှကြင်နာဖူးတာမရှိဘူး.. ဒီညအဲ့အရာကိုမယ်ရီလိုလားတယ်... အဲ့ဒါ... "

သူ့ကျောပြင်ကိုခပ်ဖွဖွလေးပွတ်သပ်ကာဂျူတီကုတ်ကိုချွတ်ပေးတော့...

" ကိုယ်... ကိုယ်ရေမချိုးရသေးဘူးလေ "

" အဲ့ဒါဆိုမယ်ရီချိုးပေးမယ်လေ "

" မယ်ရီ! "

" ရှူးးး ဘာမှမပြောပါနဲ့ဒေါက်တာရယ် မယ်ရီအခုအရမ်းပျင်းနေတယ် မယ်ရီကိုအဖော်လုပ်ပေးပါ... ၊ မဟုတ်ရင်မယ်ရီထပ်ရူးသွားလိမ့်မယ်ထင်တယ် "

ကလေးအရမ်းပင်ပန်းနေတာသိပါတယ် ၊ ဒါပေမယ့်ဘာလို့ဒီကိစ္စကိုရွေးချယ်ချင်ရတာလဲ...? ကလေးကကိုယ့်ကိုမချစ်သေးဘဲနဲ့ကိုယ်ကလေးကိုမရယူချင်သေးဘူးလေ... ။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Wo Geschichten leben. Entdecke jetzt