EP-3

533 67 1
                                    

[Unicode]

"ဆော ကိုယ်တို့မနက်ဖြန်dateရအောင်"

"အဟွတ်....အဟွတ်..."

သူမအခုနားကြားမှားသွားတာလား...၊ ကိုယ့်နတ်သားလေးကကိုယ်လိုပုံတုံးကိုလေ...

"သြော် ဆောရယ်ဖြေးဖြေးသောက်မှပေါ့...ကိုယ်လုမသောက်ပါဘူး...ရရဲ့လား"

"ဟို...ဆော Toilet ခဏ"

Toiletပြေးသွားတဲ့ကောင်မလေးကိုကြည့်ရင်းသူပြုံးမိလိုက်သည်။ မင်းလိုအဖြူထည်လေးကကစားလို့သိပ်ကောင်းမှာပဲ...

ဟူးးးငါ့စိတ်တွေတည်ငြိမ်အောင်ထားရမယ်
အရင်တုန်းကလည်းရည်းစားစကားအပြောခံရဖူးပါတယ် အခုမှဘာထဖြစ်တာလဲ... ၊ အရမ်းသရုပ်ပျက်သွားသေးလား... အဟင့် ပျော်လိုက်တာအမေရေ...။

စိတ်ကိုပြန်တည်ငြိမ်အောင်ထားကာခပ်တည်တည်ပဲပြန်ထွက်သွားပေမယ့်နီရဲနေတဲ့သူမနားရွက်ကဖုံးဖိမရခဲ့ပါ။

"အဆင်ပြေရဲ့လား ဆော...ကိုယ်ကစိတ်ပူနေတာ..."

"ဟုတ်ကဲ့ အဆင်ပြေပါတယ်... ဆောတို့ပြန်ရအောင်လေ အရမ်းနောက်ကျနေမှာစိုးလို့"

"အွန်း...ဆောပြန်ချင်ရင်ပြန်ကြတာပေါ့"

အရှေ့ကထွက်သွားတဲ့သူမအနောက်မှကျန်ခဲ့တဲ့ဆော့ဂျင်ကတော့ဝိတ်တာမလေးကိုမျက်စပစ်ပြလျှက်...

ကားထဲမှာAirconအသံမှလွဲ၍အရာအားလုံးဟာတိတ်ဆိတ်နေလျှက်ရှိသည်။

"ဆော ကိုယ်ပြောတာဘယ်လိုသဘောရလဲ"

"ဟို ဟိုလေ ဆော..."

"မနက်ဖြန်ကျောင်းပိတ်ရက်မလား ကိုယ်လာခေါ်လိုက်မယ်"

စဥ်းစားချိန်တောင်မပေးတဲ့သူပသိပ်ကိုကလေးဆန်နေတာမလား...၊ ဒါကိုသဘောကျနေမိတာကိုကသူမရဲ့စတင်မှားယွင်းတဲ့အရာတစ်ခု...။

အိပ်ခန်းထဲပြန်ရောက်လာတော့ကောင်မလေးရဲ့အပြုံးတွေဟာမထိန်းချုပ်နိုင်ခဲ့...၊

မနက်ဖြန်သူမရဲ့first dateလေးလုပ်ရတော့မှာပါလားဆိုတဲ့အသိကသူမကိုရူးသွားစေသည်။အရမ်းမြန်တယ်ထင်ရပေမယ့်သူလည်းမချစ်ရင်dateပါ့မလားဆိုတဲ့စိတ်နဲ့ဖုံးအုပ်ကာသူမစိုးရိမ်စိတ်တချို့ကိုမသိကျိုးနွံပြုလိုက်သည်။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Où les histoires vivent. Découvrez maintenant