EP-5

390 64 0
                                    

[ Unicode ]

ပန်းဆိုင်လေးအရှေ့မှာရပ်ထားသောကားအနက်ရောင်လေးရှေ့မှာအရင်ကလိုသူရပ်စောင့်မနေပါ .. ကားထဲဝင်တော့လည်းသူကသူမဘက်ကိုလှည့်မလာတာကြောင့်သူမဘက်ကပဲစခေါ်လိုက်သည်။

"Oppa.."

သူမစိတ်ထင်လို့ပဲလားမသိသူ့မျက်နှာမှာအညိုအမည်းဆွဲနေသလိုဖူးယောင်နေသလိုပင်...။

"Oppa ဒီဘက်ခဏလှည့်ပါအုံး...."

သူ့မျက်နှာကိုလက်နဲ့အတင်းဆွဲယူတော့သူမလက်ကိုပုတ်ထုတ်ကာဒီဘက်လှည့်လာသည်။

"ဟယ် မျက်နှာကဒဏ်ရာတွေနဲ့ ဘာဖြစ်လာတာလဲဟင်"

"မင်းအကောင်ငါ့ကိုလုပ်လိုက်တာလေ"

"nae?"

"မင်းအကောင် မင်ယွန်းဂီလေ"

"ယွန်းဂီအိုပါးကoppaနဲ့ဘယ်လိုလုပ်"

"အဖေတူအမေကွဲတွေ"

"ဟင်! သူ ဆောကိုမပြောပြထားပါလား"

"ဘယ်ပြောပြမလဲ သူကမယားငယ်သားလေ"

"ဒါဆိုညီအစ်ကိုတွေပဲပေါ့"

"တော်စမ်းပါ သူ့လိုမျိုးမစစ်ကိုငါ့ညီအဖြစ်မသတ်မှတ်နိုင်ဘူး မင်းလည်းသူနဲ့ဝေးဝေးနေ မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့"

အစ်ကိုတို့နှစ်ယောက်ကြားကပြဿနာတွေကိုဆောမသိပေမယ့်ဆောကတော့သူငယ်ချင်းတစ်ယောက်ကိုမစွန့်လွှတ်နိုင်ပါဘူး။

အဆောင်ရှေ့မှာကိုယ့်ကိုချထားပေးခဲ့ပြီးပြန်တောင်လှည့်မကြည့်ဘဲထွက်သွားသောသူ...

ဆောတို့ရည်းစားဖြစ်တာတစ်ပတ်မပြည့်သေးဘဲနဲ့oppaကစတင်ပြောင်းလဲလာပြီ...၊ ဆောစိတ်ထင်နေတာလည်းနေမှာပါ... ရန်ဖြစ်ထားတဲ့လူတစ်ယောက်ကဘယ်လိုလုပ်အမြင်ကြည်နိုင်မှာလဲလေ...။

အခန်းထဲဝင်ခါနီးခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ yoongi oppa..
သူ့မျက်နှာမှာလည်းဒဏ်ရာတွေနဲ့သာ...။
ဘာတွေကဒီလောက်သတ်ပုတ်စရာလိုနေလို့လဲ...။

"ယွန်းဂီအိုပါးတို့ မနေ့ကရန်ဖြစ်ခဲ့တယ်ဆို"

"အင်းဟုတ်တယ် သူပြောပြတာလား"

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now