EP-10(New part)

547 67 0
                                    

[ Unicode ]

ကင်မ်ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ကင်မ်ဆော့ဂျင်တစ်ယောက်ဒီနေ့ကျင်းပမယ့်မီတင်ပွဲအတွက်အတော်လေးအာရုံစိုက်နေရသည်။
သူပြီးရင်ဂျောင်ယွန်းဂျီကဒုတိယရှယ်ယာအများဆုံးပင်...၊ အဲ့တာကိုရှယ်ယာရှင်အသစ်တစ်ယောက်တိုးလာသည်ကဂျီယွန်းနဲ့levelတူနေတာပင်...၊ သူဂျီယွန်းအတွက်စိတ်မပူပေမယ့် သူ့နေရာကိုအဲ့လူကဝင်ယူလာနိုင်တာကြောင့်ဒီအတိုင်းတော့လက်လွှတ်မထားနိုင်ပေ...။

မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ဆွဲကာမီတင်အခန်းအတွင်းသို့ဝင်လာခဲ့သည်။သူဝင်လာတော့အားလုံးလည်းစကားလက်စသတ်လိုက်ကြကာ...

ရှယ်ယာရှင်တွေအများပြားကြားမှအမူအယာပျက်နေတဲ့ဂျောင်ဂျီယွန်းကြောင့်သူမကြည့်ရာကိုငေးမိတော့ သူပါဝေဝါးသွားရသည်။ သူ့မျက်လုံးတွေတောင်ပြန်ပွတ်သပ်မိတဲ့အဖြစ်...။ ဒါပေမယ့်သူဘယ်လိုမှမမှားနိုင်ပါ.. သူမမှသူမအစစ်.. ဆော..မင်ဆောယွန်း...။

တဒိတ်ဒိတ်ခုန်လာသောရင်တွေကြောင့်သူမဆီသွားဖို့ပြင်လိုက်ချိန်လက်ထောက်မန်နေဂျာမှ...

" CEOလည်းရောက်ပြီဆိုတော့ကျတော်မီတင်စတင်ချင်ပါတယ်ဗျ.. "

ထိုကြောင့် သူလည်းထိုနေရာမှာပြန်ထိုင်ကာသူမကိုပဲစေ့စေ့ကြည့်နေမိသည်။ အပြင်အဆင်တွေကအရင်ကထက်ပိုတောက်လာသည် ၊ တင်းခံထားတဲ့မျက်နှာကိုခဝါချလိုက်ရင်သူမကအရင်အတိုင်းပါပဲ... ပိုကွဲပြားစေတာကသူမမျက်နှာကယုံကြည်မှုအပြည့်ဖြင့်...။

" ဟုတ်ကဲ့ပါဗျ အခုဆိုရင်တော့ကျတော်တို့ဂုဏ်ယူဝမ်းသာပြီးကြိုဆိုရမယ့်ရှယ်ယာရှင်အသစ်ကတော့ ကင်မ်မယ်ရီပဲဖြစ်ပါတယ် "

ကင်မ်မယ်ရီ! ဒါဆိုရှယ်ယာရှင်အသစ်ကသူမလား..?

" အားလုံးပဲတွေ့ရတာဝမ်းသာပါတယ် ၊ ကျမကကင်မ်မယ်ရီပါ ၊ လတ်တလောကမှကိုရီးယားကိုပြန်ရောက်လာတာပါ ၊ ရှေ့လျှောက်လည်းအကူညီတောင်းပါတယ် "

" ကျတော်မေးစရာရှိပါတယ်ဗျ "

သူမစကားဆုံးတော့ရှယ်ယာရှင်တစ်ယောက်ရဲ့အသံကြောင့်သူမဂရုတစိုက်နားထောင်လိုက်သည်။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now