EP-4

451 59 7
                                    

[ Unicode ]

စိမ်းဝါရောင်ကိုခပ်ဖျော့ဖျော့လေးဆိုးထားပြီးဆံပင်အဖျားနားလေးပဲပြေပြေလေးကောက်ပေးထားတဲ့ပုံကတကယ်တော့ဆောနဲ့လိုက်ဖက်ပါတယ်။ ဒါပေမယ့်အရောင်ချယ်တာဆောပုံစံအစစ်မဟုတ်ဘူး... ဆောရဲ့ပုံစံအမှန်ကိုချစ်တာပဲဆောလိုချင်ခဲ့တာ... အခုတော့လည်းဘယ်တတ်နိုင်မလဲ ကိုယ်ချစ်တဲ့လူရဲ့အကြိုက်ကိုလိုက်ရတော့တာပေါ့... ။

"ညီမလေးကလှလိုက်တာ ဆော့ဂျင်ကြွေသွားမှာသေချာတယ်"

သူမသက်ပြင်းချရုံမှတပါး... သူကြွေမယ်ဆိုတော့လည်းလုပ်ရုံပဲပေါ့...။
roomထဲကထွက်ပြီးဆိုဖာကသူ့ဆီသွားတော့သူ့ဘေးမှာမိန်းကလေးတစ်ယောက်ပါအတူရှိနေခဲ့သည်။
အတူထိုင်ကာရယ်ရယ်မောမောစကားပြောနေတာသူမလာတာကိုတောင်မြင်ပုံမရတာကြောင့်သူ့ဘက်ကပဲစခေါ်လိုက်တော့သည်။

"Oppa..."

"ဆော ပြီးပြီလား..၊ ဒါနဲ့... ဒါကိုယ့်အဖေမိတ်ဆွေရဲ့သမီးလေ"

" ဟုတ် မင်ဆောယွန်းပါ"

"ဂျောင်ယွန်းဂျီပါ .. ဒါဆိုယွန်းသွားတော့မယ်နော်oppa"

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"အာ...မင်ဆောယွန်းကိုအားနာစရာကြီး"

"ရပါတယ်ဆောကဒီကလူပဲကို ဒီနေ့ကိုယ့်ဘာသာကိုယ်ပြန်လိုက်လို့ဖြစ်တယ်မလား...ယွန်းကဒီပြန်ရောက်တာမကြာသေးတော့လမ်းတွေသေချာမသိဘူးရယ်"

အော် လောလောလတ်လတ်ရည်းစားထက်တစ်ခြားသူကိုပိုဦးစားပေးတော့ခံရခက်သား...

"အင်းပါ ဆောတစ်ယောက်တည်းပြန်လိုက်ပါ့မယ်"

"သွားရအောင်ယွန်း"

လှတယ်ဆိုတဲ့စကားလေးတစ်ခွန်းတောင်မပြောသွားတဲ့သူ့ကိုကြည့်ရင်းဝဲတတ်လာတဲ့မျက်ရည်တွေ...၊
အချစ်ကြောင့်နာကျင်ရတာဒါပထမဆုံးပဲ...

ပထမဆုံးတစ်ရက်မှာပဲကျွန်မတစ်ယောက်တည်းပြန်လာခဲ့ရတယ်...
တကယ်ပါပဲ... မျက်ရည်တွေကဘာလို့ကျနေရတာလဲ! သူကစေတနာနဲ့ရိုးရိုးသားသားလိုက်ပို့ပေးတာလေ...၊
ဘာလို့ရင်ထဲကနာနေရတာလဲ...၊

Oppaဆောကိုတကယ်တော့ချစ်တယ်မလားဟင်...၊ ဆော စိတ်ထဲသံသယဝင်နေမိလို့တောင်းပန်ပါတယ်။ oppaကကိုယ့်အဖေမိတ်ဆွေရဲ့သမီးမို့လို့ကူညီရုံသပ်သပ်ကိုဆောအတွေးလွန်နေတယ်...။ သဝန်တိုမိတဲ့ကို့ဘာသာကိုပဲအ​ပစ်တင်လိုက်သည်။သူ့ကိုတော့အပြစ်မမြင်ချင်ဘူးရယ်...။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now