EP_15

171 17 2
                                    

[Unicode]

" ထယ်ဟျောင်း သမီးလေးကဘာ​​ဖြစ်တာလဲ "

အသည်းသန်ပြေးလာတဲ့ကလေးအထူးကုဆရာဝန်ကမေးတော့တုန်ရီနေတဲ့အသံတွေနဲ့ပဲပြန်ဖြေမိသည်။

" သတိလစ်သွားတာနဲ့တူတယ် သမီးလေးကဆက်တိုက်ငိုနေခဲ့တာ "

" ကလေးကနှလုံးအရမ်းအားနည်းနေတယ် အသက်တောင်ရှင်ရုံလေးပဲရှိတော့တယ် "

" ဟင့်အင်း ငါသမီးလေးကိုအဆုံးရှုံးမခံနိုင်ဘူးနော် "

" ငါတို့ခွဲစိတ်မှုလုပ်ရလိမ့်မယ်ထယ်ဟျောင်း.. ဒါကသွေးအများကြီးကုန်လိမ့်မယ် ငါတို့သွေးလိုတယ် အချိန်ကြာကြာထားရင်အသက်ရှူရပ်သွားလိမ့်မယ် "

သွေး... သွေးကငါနဲ့မှမတူတာ... ၊ ငါဒါကိုဘယ်လိုဖြေရှင်းရမလဲ.. ?

" ထယ်ဟျောင်းမင်းမြန်မြန်စဥ်းစားမှရမယ် အခုမင်းသွေးရှာမှရမယ် .. ဒါနဲ့မင်းမိန်းမရော ... ? "

သူတို့အကြောင်းစုံကိုသိနေတယ်ဆရာဝန်ကမေးပြီးကာမှနောင်တရသလိုဒေါသထွက်သလိုဖြစ်လာရသည်။

" ငါအခုချက်ချင်းသွေးရှာပေးမယ် သမီးလေးကိုဆက်ထိန်းထားပေးပါအုံးနော် "

" အေးပါ စိတ်ချ အချိန်ငါးနာရီထက်ကျော်လို့မရဘူးဆိုတာသတိရပါ "

မျက်ရည်များကိုသုတ်ကာအိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်သည်၊ တုန်ချိနေတဲ့လက်ကြောင့်စိတ်တိုပြီးတောက်ခေါက်လိုက်ကာ တချိန်ကသူ့ဆီဖုန်းခေါ်ဖူးထားတဲ့နံပါတ်ကိုနှိပ်လိုက်ရင်း ...

ဖုန်းသံနဲ့အတူရင်ထဲတထိတ်ထိတ် ၊ ကြောက်နေခြင်းမဟုတ်ဘဲစိုးရိမ်ခြင်းသာ...

" ဟဲလို! "

" ဟယ်လို ကင်မ်ဆော့ဂျင်ရှီး.. "

တစ်ဖက်ကခဏတာတိတ်သွားပြီးမှအာမေဋိတ်အသံဖြင့်...

" အာ... ကင်မ်ထယ်ယောင်းရှီ! "

" ကင်မ်ဆော့ဂျင်ရှီး အခုအခြေနေတွေကအရမ်းရှုပ်ထွေးနေပေမယ့်ခင်ဗျားဆေးရုံကိုလာပေးပါ "

" ဆေးရုံ... ဘာကိစ္စရှိလို့လဲ "

" ဒီရောက်ရင်ခင်ဗျားသိသွားပါလိမ့်မယ် အခုချက်ချင်းလာခဲ့ပေးပါ နောက်ကျရင်ခင်ဗျားနောငိတရလိမ့်မယ် "

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now