အပိုင်း(၁၆.၁)

Start from the beginning
                                    

ရက်အတော်ကြာမျှ လွတ်လပ်စွာ နေထိုင်ပြီးသည့်နောက်တွင်မူ ကျောက်မင်ဇယ်က သူ့ဆီသို့ ဖုန်းခေါ်လာလေသည် ။ လင်းကျစ်ရန်မှာ မအံ့သြ မိပေ ။ ယခုတွင် ဝမ်းယွီမှာ သူနှင့် လမ်းခွဲပြီးခဲ့ ပြီ၊ ဝမ်းယွီ၏ ဇာတ်ကောင်စရိုက်အရ ပြန်တွဲဖို့ သူ့အားတောင်းပန်လိမ့်မည် မဟုတ်ချေ၊ လုဆွေ့၏ ဆန္ဒ ကလည်း ပြည့်မြောက်သွားရာ သူ့ရှေ့သို့ပေါ်လာရန် အကြောင်းမရှိပေ။ သို့ဖြစ်စေကာ ကျောက်မင်ဇယ် တစ်ဦးတည်းသာ ကျန်ပေတော့သည် ။

လင်းကျစ်ရန်က လည်ချောင်းရှင်းပြီး ဖုန်းကိုင်လိုက်သည် ။

" ဟယ်လို? "

တစ်ဖက်လိုင်းမှ ကျောက်မင်ဇယ်၏ ဆွဲဆောင်မှုရှိသောအသံက ပြူငှာစွာ ထွက်ပေါ်လာလေ၏ ။

" မင်းဒီနေ့ အားလား? "

လင်းကျစ်ရန်က ဆို၏ ။

" ဘာကိစ္စရှိလို့လဲ? "

ကျောက်မင်ဇယ်က ပြုံးပြီးနောက် ပြောလာသည်။

" ကိစ္စမရှိဘဲ ကိုယ် မင်းကို တွေ့လို့မရဘူးလား "

လင်းကျစ်ရန်က စကားဆက်မဆိုမိပေ။ လုကျန်း၏ ဇာတ်ကောင်စရိုက်အရ သူငယ်ချင်းအရင်းကြီးက သူ့ကိုသဘောကျနေပါလျှင် ရှက်ရွံ့နေမိပေမည် ။ ထို့ကြောင့် ကျောက်မင်ဇယ်က တွေ့ဖို့ပြောလာလျှင် သေချာပေါက်ငြင်းဆန်လိမ့်မည်ပင် ။ အလွယ်တကူ သဘောတူလိုက်ပါက သမားရိုးကျမဟုတ်နိုင်တော့ပေ ။

လင်းကျစ်ရန်က ဘာမှပြန်မဖြေသော် ကျောက်မင်ဇယ်က သက်ပြင်းအသာချပြီး ။

" ကုမ္ပဏီကိစ္စပါ..အခု လုဆွေ့အပိုင်ဖြစ်နေပြီ ဆိုပေမယ့် အရင်က ကိုယ်တို့ အတူလက်တွဲလုပ်ခဲ့တဲ့ ပရောဂျက်တစ်ခုရှိသေးတယ်လေ..အဲ့ကိစ္စကို ကိုယ်မင်းနဲ့ ဆွေးနွေးချင်လို့ပါ..မင်းရဲ့ အမြင်ကိုလည်း သိချင်သေးတယ် "

ဒါက တကယ်ကောင်းတဲ့ ဆင်ခြေပဲ...

သူက လုဆွေ့၏ ဖိအားပေးခြင်း ခံသော်လည်း အခုထိ ကုမ္ပဏီ၏ ရှယ်ရာဝင် တစ်ယောက်ဖြစ်နေသေးသည်ပင်၊ လုကျန်းမှာ အလွန်ပင် တာဝန်ယူမှုရှိသူပီပီ ဒီကိစ္စကို မျက်ကွယ်ပြုထားမှာတော့ မဟုတ်ချေ ။ ထို့ကြောင့် ကျောက်မင်ဇယ်၏ ချိန်းဆိုမှုကို သဘောတူညီ လိမ့်မည် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now