ဝမ်ရီပေါ်လဲ အပြစ်ကင်းစင်တဲ့ သူ့ရှေ့က ယုန်အကောင်ပေါက်လေးကို အသဲယားသွားကြည့်နေပြီး

"ကျေးဇူးဘဲ"

"မဟုတ်....မဟုတ်တာ ရပါတယ် ကျွန်တော်ကသာ ကျေးဇူးတင်ရမှာပါ"

ရှောင်ကျန့်လဲ အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်သည်။ ဒီ ရေခဲ လူကြီးက စကားတစ်ခွန်းထက် ပိုမပြောတဲ့အပြင် ချောမောလွန်းတာကြောင့် အကြည့်မလွှဲနိုင်ခင် ထိုလူကြီးက ကျေးဇူးစကားလာဆိူတော့ ကျွန်တော်လဲ ယောင်သွားခြင်းပင်။

ဒီလူကြီးနဲ့ မတွေ့ခင်က ဒီလောက်ချောတဲ့ ဒုတိယလူကို မတွေ့ဖူးပေ။ သူ့ရီးစားဟောင်း ဝမ်ရီလျှို့တောင် ချောတယ်ဆိုပေမဲ့ သူ့ချောမောမှုက သူ့ရှေ့က ရေခဲလူကြီးကို ခြေဖျားမပြောနှင့် ခြေမှုန်စာပင် မမှီပေ။ ဝမ်ရီလျှို့ ချောမောမှုက ဒေါင်း ဆို ဒီလူကြီးရဲ့ ချောမောမှု့က ကောင်ကင်ပေါ်မှု တောက်ပ ရဲရင့်စွာ အတောင် ငှားငှားစွစွ ဖွင့်ကာ ပျံသန်းနေတဲ့ ဇာမနီ ငှက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေတဲ့ အခြေအနေကို ဖျက်ဆီးလိုက်သူလေးကတော့.......ဒရိုင်ဘာမုပါ။

"ဘော့စ် ဆေးရုံ ရောက်ပါပြီ"

"အင်း"

ဝမ်ရီပေါ် ကားပေါ်က ဆင်းသွားတော့ ရှောင်ကျန့်လဲ ကားတံခါး ဖွင့်ကာ ဆင်းမည်အလုပ် ထိုလူကြီးက မျက်နှာထား တည်တည်နဲ့ တံခါးရှေ့မှာ စောင့်နေတာကို တွေ့ရတယ်။

ရှောင်ကျန့်က ခြေတစ်ချောင်း အရင်ချလိုက်ကာ ထမည်အလုပ် ထိုလူကြီးက သူ့ကို လာပွေ့လေသည်။

ဒရိုင်ဘာမုကတော့ ဘာအမူအရာ မှ မပေးတော့ပေ။ သူနေသားကျသွားလေပြီ။တိတ်ဆိတ်စွာနဲ့ဘဲ ဘော့စ်ရဲ့​နောက်ကနေဘဲ လိုက်လာလိုက်တယ်။

ဝမ်ရီပေါ်က ထိုယုန်ပေါက်လေးစီကနေ နို့နဲ့သင်းသင်းလေး ထပ်ရနေပြန်သည်။ သူတကယ့်ကို ထိုကိုယ်သင်းရနံ့လေးကို နှစ်သက်လှသည်။ သူ့အနားလာကပ်နေတဲ့ မိန်းမတွေရဲ့ အနံ့စူးစူး ရေမွှေးနံ့တွေလို မဟုတ်ပေ။

ဝမ်ရီပေါ်တို့ ဆေးရုံထဲ ဝင်လာရင်ဘဲ ဆေးရုံထဲက လူတိုင်းသူတို့ကို ဝိုင်းကြည့်ကြလေသည်။ အရပ်ရှည်ရှည် နဲ့ ဆွဲဆောင်မှု ရှိသောသက်လတ်ပိုင်းအမျိုးသားနှင့် ထိုအမျိုးသား ရင်ခွင်ထဲက ယောကျာ်းလေးတန်မဲ့ချောရက်လွန်းသော အသက်ငယ်ငယ် ကောင်လေးတို့က လူအများ အာရုံကို ဖမ်းစားသွားသည်။

Arr Ah Daddy (Complete)Where stories live. Discover now