Part 2(Uni +Zaw)

23.2K 2K 54
                                    

Arr Ah Daddy
Part 2(Uni)



မိုးရာသီ ကို အရမ်း မုန်းပါတယ်။ ငယ်ငယ်လေးထဲက ကျောင်းဆင်းရင် အတန်းဖော်တွေကို မိဘတွေက အသီးသီး လာကြိုပေမဲ့ ရှောင်ကျန့်တွင်တော့ ထီးနှင့် လာကြိုမည့်သူ မရှိပေ။


တစ်ခါတစ်လေ စဥ်းစားမိတယ်။ ငါ့ဘဝက အရမ်းဇာတ်နာတာဘဲဆိုပြီး။ ဘယ်သူမှ အပြစ်တင်လို့မရဘူး။ ဒါဟာ ကံစီမှန်ရာ အတိုင်းဘဲပေါ့။



မိုးတွေ သည်းလာတာကြောင့် မြူခိုးတွေနဲ့ ရောပြီး မြင်ရန် ခက်ခဲလာသည်။ အရာအားလုံးကို ကွဲကွဲပြားပြား မမြင်ရတော့ပေ။ သို့ပေမဲ့ ရှောင်​ကျန့် ဘယ်ညာသေချာ ကြည့်ကာ လမ်းဖြတ်ကူးပါတယ်။


ဒါပေမဲ့

ကျွီ~~~

"ဘော့စ် အရှေ့မှာ လူတစ်ယောက်ကို တိုက်မိသွားပြီ"

"သွားဖြေရှင်းလိုက်"

"ဟုတ်ကဲ့ပါ"


ဒရိုင်ဘာမု က ချက်ချင်းထီးဆောင်းကာ ဆင်းသွားသည်။ Wang ကုမ္မဏီက CEO ဝမ်ရီပေါ်သည် အစည်းအဝေးလုပ်ပြီး ပြန်လာတာဖြစ်တယ်။ အပြန်ကို မိုးတွေ သည်းထန်စွာ ရွှာတာကြောင့် ကားအက်စီးဒန့် ဖြစ်သွားခြင်းဖြစ်တယ်။ ဒရိုင်ဘာမုကို ဖြေရှင်းခိုင်းပေမဲ့ ကြာနေတာ​ကြောင့် ကားမှန် ချကာ အရှေ့ကို ကြည့်လိုက်သည်။



ဖြူဖွေး ပိန်လှီတဲ့ ခန္ဓာကိုယ်လေးတစ်ခု။ တစ်ကိုယ်လုံး မိုးရေ စိုရွှဲနေကာ တုန်ရီနေသည်။ သူ့ ဒရိုင်ဘာက ပိုက်ဆံပေးသည်ကို လက်မခံဘဲ ခေါင်းမာနေသည့် မြင်ကွင်းပင်။ ဝမ်ရီပေါ်လည်း ထိုကောင်လေးကို တွေ့ချင်တာကြောင့် ကားပေါ်က ဆင်းလိုက်သည်။



ထိုချိန် ဒရိုင်ဘာမုက ပြာပြာသလဲ အနားရောက်လာကာ ထီးမိုးပေးသည်။ ဝမ်ရီပေါ်လဲ မျက်နှာအရိပ်အကဲ ဖြင့်ပြလိုက်ပြီး ထိုကောင်လေး စီ သွားလိုက်သည်။


သူငုံ့ကြည့်လိုက်တော့

ရေစိုနေသော ဆံနွယ်လေးတွေက ဖြောင့်စင်းကာ မျက်လုံးအုပ်လောက်သည်အထိ အုပ်ကျနေပြီး ထိုမှ တစ်ဆင့် ရေတွေက တစ်စက်ချင်း ကျနေသည်။ အောက်ကို စိုက်ကြည့်နေတဲ့ မျက်တောင် ရှည်ရှည်တွေကို တွေ့မြင်ရသည်။ ချမ်းနေပုံရသည် ။ ဘာလို့လဲ ဆိုတော့ ရေစက်များ တွဲခိုနေသော မျက်တောင်ရှည်များက တသိမ့်သိမ့် တုန်နေသောကြောင့်ဖြစ်သည်။


Arr Ah Daddy (Complete)Where stories live. Discover now