ထို့ကြောင့် အင်အားချင်းယှဥ်လျှင် ရီလျှို့နဲ့ဆို နေနဲ့လ ရွှေနဲ့ မြလို လိုက်ဖက်ညီကြသည်။

အာ့ဆို ရှောင်ကျန့်ကရော.......

ရှောင်ကျန့်က မိဘမဲ့တစ်ယောက်ပါ။ ငယ်ငယ်ထဲက မိဘမဲ့ကျောင်းမှာဘဲ ကြီးပြင်းလာရသူဖြစ်တယ်။ ဒါပေမဲ့ သူက စာတော်သလို ဥာဏ်လဲ အရမ်းကောင်းသူမို့ Scholar နှစ်စဥ်ရတဲ့ ကျောင်းသားတစ်ဦး ဖြစ်တယ်။ ဆရာသမားတွေရဲ့ ချစ်ခင်လေးစားမှုကို ရသူလဲ ဖြစ်တယ်။ ရှောင်ကျန့်က မချမ်းသာပေမဲ့ ဆရာသမားတွေက စာတော်ပြီး လိမ္မာသူမို့ အရေးပေးပြီး ဂရုစိုက်မှု့ကို ခံရသူလဲ ဖြစ်တယ်။


ရွယ်ယိ့က ညဘက်မှာ ထွက်တဲ့ လမင်းဆို ရှောင်ကျန့်က နေ့အခါမှာ ပေါ်ပေါ်ထင်ထင် တောက်ပနေတဲ့ နေမင်းနှင့် တူလေသည်။ ယောကျာ်းလေးတန်မဲ့ ချောရက်နိုင်လွန်းသူဖြစ်တယ်။ မျက်တောင်မွေး စိတ်စိတ်ရှည်ရှည်လေးတွေနဲ့ ရယ်လိုက်ရင် ထွက်ပေါ်လာတဲ့ ယုန်သွားလေးက နှုတ်ခမ်းအောက်က မှဲ့လေးနှင့် ပနှံသင့်စွာ တည်ရှိနေသည်။


ရှောင်ကျန့်က ဝမ်ရီလျှို့ကို တကယ် ချစ်ခဲ့ပါသည်။ သူဒုက္ခရောက်တဲ့ အချိန်တိုင်း ကူညီပေးသူဖြစ်ပြီး ချစ်သူသက်တမ်း ၃နှစ်အထိ အဆင်ပြေစွာ ဖြတ်သန်းလာခဲ့သည်။ ဒါပေမဲ့ ရွယ်ယိ့ ပေါ်လာချိန်တွင်တော့ ထိုအရာအားလုံးက မြောင်းထဲရောက်သွားသည်။ သူငယ်ချင်းဟန်ဆောင်ပြီး ကောင်လေးကို ဖြတ်ခုတ်သွားသော ရွယ်ယိ့ကို မုန်းသလို သူ့အချစ်ကို အထင်သေးပြီး သစ္စာဖောက်တဲ့ ရီလျှို့ကိုလဲ မုန်းသည်။

ထိုသူများကို ပြန်ပြီး ခံစားစေချင်တယ်။ ကလဲ့စား​ခြေ ချင်မိပါတယ်။ ဒါပေမဲ့ ဘဝက ခြားနားလွန်းပါတယ်။ ကိုယ်တိုင်က သူတို့ရဲ့ ခြေဖျားကိုပင်ပေ မမှီပေ။ မှီနိုင်မယ်လဲ မထင်ပေ။


ရွယ်ယိ့က ရီလျှို့ရဲ့ လက်မောင်းကို ချိတ်တွယ်ထားသလို ရီလျှို့က ရွယ်ယိ့ရဲ့ ခါးသွယ်သွယ်ကို လက်ဖြင့် ဖက်ထားသည်။

ရှောင်ကျန့်က သူ့ရှေ့မှာ မရှောင်ဘဲ လုပ်ပြနေသူတွေကို အကြည့်လွှဲကာ ပြောလိုက်တယ်။

Arr Ah Daddy (Complete)Where stories live. Discover now