Season 2 Part 12

354 51 1
                                    

Unicode version

အလင်းရောင်နည်းတဲ့ အခန်းကျယ်ထဲမှာ သူမ ဟိုဒီပျံသန်းနေသည်။ အပြင်ထွက်လို့ရပါ့မလားမသိပေမယ့်။သူမကိုမတွေ့ဖို့ပဲ အာရုံများနေသည်။

လူဝင်လူထွက်နည်းတဲ့ ဒီအခန်းထဲမှာ။ အမှောင်အစောင့်အရှောက်သခင်မဆိုတာ ဘယ်လို လူမျိုးလဲဆိုတာ သူမ သေချာသိလိုက်သည်။

မိန်းမဆန်သလိုဆိုပေမယ့်ယောကျားတယောက်လိုလဲ သူမ မြင်ဖူးတယ်။ မနေ့ကဆိုရင် ယောက်ျားတယောက်လိုအပြင်အဆင်နဲ့တွေ့ရသည်။

ယခုတော့ အပြင်ထွက်သွားသည်။ အပြင်ဘက်မှာ အလင်းရောင်ရှိနေသေးတဲ့အချိန်ထွက်ရမည်။ အမြန်ပျံသန်းလာရင်း မှန်ရှေ့အရောက်။

သူမ ထိုအခါမှ သတိထားမိသွားသည်။ သူမ ဘယ်လိုပုံစံဖြစ်နေမယ်ဆိုတာကို ယခုမှပထမဆုံးကြည့်မိတော့သည်။

လိပ်ပြာလေးပဲ။ တောင်ပံဖျားကနေ ရွှေမှုန်တွေပျံ့ကျဲနေသည်။

"ဝုန်း"

တံခါးပြန်ပွင့်လာချိန် သူမ ဘယ်ကိုပြေးရမလဲမသိပေ။ သူမကို သခင်မ တချက်ကြည့်သွားတာကိုသိလိုက်ရသည်။

နူတ်ကလဲတတွတ်တွတ်နဲ့ပြောနေပေမယ့် ဘာပြောတယ်ဆိုတာကိုတော့ သူမ နားမလည်ပေ။ သူမတောင်ပံကိုလက်ဖျားနဲ့တောက်လိုက်၍ အတော်ငိုလန့်သွားသေးသည်ာထို့ကြောင့် သူမ အတက်နိုင်ဆုံးဝေးရာကိုပြေးထွက်လာတော့သည်။ပြတင်းကနေ အမြန်ထွက်လာသည်။သို့ပေမယ့် ဝေးဝေးမသွားဖြစ်။

သူမရှိရင် တိတ်တိတ်လေးအထဲကိုဝင်နေရသည်။

ဒီလိုနဲ့ဒီအခန်းထဲက မထွက်ဖြစ်တော့။ လုံခြုံတယ်လို့ထင်ရပေမယ့် အခန်းမှာ အလင်းရောင်မရှိတဲ့အချိန်မှာတော့ သူမ လမ်းပျောက်ခဲ့သည်။

တံခါးပွင့်သံနဲ့ ရုတ်တရပ်မီးရောင်ကမျက်စိရှေ့တွေ့လိုက်ရသည့်အချိန်မှာ‌ောတ့

အားးးးး။ သူမ အရမ်းနောက်ကျသွားသည်။ တောင်ပံတဖက်မီးလောင်သွားသည်။ ချက်ချင်းဒယီးဒယိုင်နဲ့ ဘေးဖယ်လိုက်ပေမယ့်

အပူမီးကြောင့်ချက်ချင်းအောက်ကိုပြုတ်ကိသွားတော့သည်။ တမြေ့မြေ့နဲ့လှိုက်စားနေတဲ့မီး။ သေလောက်အောင်ပူလောင်နာကြင်နေသည်။

Soul of Dark Heart (အနက်ရောင်နှလုံးသားဝိဉာဉ်)Tempat cerita menjadi hidup. Temukan sekarang